ကရင်နီနယ်စပ်က စခန်းကို လက်နက်ပို့ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ် ဖြတ်တိုက်ခံရ

ကရင်နီနယ်စပ်က စခန်းကို လက်နက်ပို့ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ် ဖြတ်တိုက်ခံရ

ကရင်နီနယ်စပ်မှာရှိတဲ့ စခန်းတွေကို လက်နက်ပို့ဖို့ ရှမ်းပြည်နယ်တောင်ပိုင်း ဟွေဟ ကနေလာတဲ့ စစ်ကောင်စီတပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကရင်နီတပ်မတော်(KA) မှ ဖြတ်တိုက်ခဲ့တယ်လို့ ကရင်နီပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“မိုးမကုန်ခင်ကတည်းက လမ်းတွေထိုးလာတယ်။ ပြီးတော့ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေပေါ့။ သူတို့ လုပ်ဆောင်လေ့ရှိတယ်ပေါ့။ နေ့စဉ် နေ့တိုင်းပဲ။ ဆိုတော့ အခုကတော့ ဒီနေ့မှာတော့ သူတို့ S သုံးလုံး ဆိုတာက ရှမ်းပြည်နယ်ထဲက ကြာပြီ သူတို့အပစ်အခတ်ရပ်စဲရေးလုပ်ထားတာ ဟိုး ၉၄ လောက်ကတည်းက အဲဒီနယ်မြေကိုဖြတ်ပြီးတော့မှ ကျနော်တို့ နယ်ထဲကို ရိက္ခာပို့ဖို့ လက်နက်ခဲယမ်းပို့ဖို့ သူတို့စီစဉ်နေတယ်လေ။ စီစဉ်နေတော့ ကျနော်တို့က ဖြတ်ပြီးတော့မှ တိုက်တာပါ။” လို့ ခူညေးရယ်က ပြောပါတယ်။

ရှမ်း- ကရင်နီနယ်စပ်တစ်နေရာမှာ တစ်နာရီကြာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ် ၁၃ စီးနဲ့ စစ်အင်အား ၂၀၀ ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမပတ်ကတည်းက ရှမ်းပြည်နယ် ဟွေဟမှာရှိတဲ့ Southern Shan State ( SSS ) အခြေပြုစခန်းကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

SSSရှမ်းလက်နက်ကိုင် အဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေးယူထားပြီး ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့အဖွဲ့လို့ သိရပါတယ်။ စစ်ကောင်စီဟာ လွိုင်ကော်- ရှားတော- နယ်စပ်အထိ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့ အခွင့်အရေးမရှိတော့တာကြောင့် အခုလို SSS ရှမ်းလက်နက်ကိုင်နယ်မြေကို ဖြတ်သန်းတာဖြစ်နိုင်တယ်လို့ ခူညေးရယ်က ဆက်ပြောပါတယ်။

“သူတို့ကရင်နီနယ်ထဲမှာပို့ဖို့က သိပ်အဆင်မပြေတော့ဘူးကော ဒီရှားတောလမ်းဟာ ဘောလခဲစုပိုင်းလမ်းတို့ သူတို့အခက်အခဲ အခြေအနေမပေးတော့ဘူးပေါ့။ ဆိုတော့ အဲဒီ ဟိုဘက်ကနေလာတာက အေးဆေးလာရတယ်။ နောက်ပြီးတော့မှ ဟွေဟကနေ ဒီကိုဆင်းလာဖို့ကလည်း နီးတယ်ဆိုတော့ အဲဒီလိုမျိုး သူတို့စီစဉ်တာဖြစ်တယ်လို့ ကျနော်တို့ အဲဒီလို သိရတယ်လေ။” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နယ်စပ်စခန်းတွေကို လက်နက်တွေမပို့နိုင်အောင် ရတဲ့နည်းနဲ့ ဖြတ်တောက်သွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ရိက္ခာနဲ့ လက်နက်ခဲယမ်းပို့ဆောင်တဲ့နေရာတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကြားဖြတ်တိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်လေ့ရှိပါတယ်။

Most read this week

Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...