ဒီးမော့ဆို၌ မိဘမဲ့ဂေဟာအနီး စစ်အုပ်စုတပ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၁ ဦး သေဆုံး

ဒီးမော့ဆို၌ မိဘမဲ့ဂေဟာအနီး စစ်အုပ်စုတပ် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေး ၁ ဦး သေဆုံး

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီခန့်တွင် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူမှာ အသက် ၉ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး ဒဏ်ရာရရှိသူ ၃ ဦးတွင် အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိသည်။

မျက်မြင်တွေ့ရှိသည့် ဒေသခံအမျိုးသမီးတစ်ဦးက “ကလေးက လေးယောက်ထိတယ်။ ဆုံးသွားတဲ့ တစ်ယောက် က အငယ်ဆုံးပေါ့” ဟု ပြောသည်။

အဆိုပါ မိဘမဲ့ဂေဟာအနီးသို့ အသေခံဒရုန်း ၂ စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်တွင် လူထိခိုက်မှု မရှိသော်လည်း ဒုတိယအကြိမ်တွင် ကလေးငယ်များ ထိမှန်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ထို့ပြင် တိုက်ခိုက်မှုကြောင့် Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ Honda Fit အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ မီးကြိုးများနှင့် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။

စက်တင်ဘာလ ၁၆ ရက်နေ့ တစ်ရက်တည်း၌ပင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဘောလုံးကွင်းတစ်ခု အပါ အဝင် နေရာအချို့ကို စစ်အုပ်စုတပ်က အသေခံဒရုန်း ၃ စီးဖြင့် တိုက်ခိုက်ခဲ့သည်။

ဒေသခံအမျိုးသမီးတစ်ဦးက “နေ့လည်က ဘောလုံးကွင်းမှာ တစ်လုံး၊ နောက် ဒုတိယနဲ့ တတိယက ဒီနားမှာ ပေါ့။ လေးနာရီ၊ ငါးနာရီကျော်လောက် ဝူး…ဝူး…ဆိုပြီး အသံကြားတယ်။ အဲဒါကြောင့် ပုန်းခိုကျင်းထဲ ပြေးဝင် တာ။ သူချ(ဒရုန်းထိုးဆင်း)တဲ့အချိန်မှာ ကြားတယ်။ နားအူကောင်းနေတာပဲ” ဟု ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ဘောလုံးပွဲကျင်းပရာ နေရာကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကင်းထောက်ဒရုန်း ပထမဝဲပြီးနောက် အသေခံဒရုန်းဖြင့် လာရောက်ထိုးဆင်း တိုက်ခိုက်ခဲ့သဖြင့် အရပ်သားအချို့ ထိခိုက်မှုရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ သိရသည်။

စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင်လည်း စစ်အုပ်စုတပ်က ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍ ဆက်တိုက် တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ထိခိုက် သေဆုံး မှုများ ရှိခဲ့ပြီး လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများပါ တိုက်ခိုက်ခံနေရသဖြင့် ဒေသခံ များ စိုးရိမ်ထိတ်လန့်နေကြသည်။

စက်တင်ဘာ ၁၆ ရက်က ဒီးမော့ဆိုအနောက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးကို စစ်အုပ်စုတပ်က အသေခံ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့မှုအပြီး မြင်ကွင်း။ / ကန္တာရဝတီတိုင်းမ်

September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...