ရေးမြို့နယ်တွင် လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ

ရေးမြို့နယ်တွင် လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ
နိုင်တင့်ဝေ ပိုင်ဆိုင်သည့် စက်ဆီရောင်းဆိုင်
နိုင်တင့်ဝေ ပိုင်ဆိုင်သည့် စက်ဆီရောင်းဆိုင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာမှ လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မော့ကနင်ကျေးရွာမှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ နိုင်တင့်ဝေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်က မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၁၀၆ တပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

“ဘာကြောင့် သူတို့ (စစ်ကောင်စီတပ်) က အခုလို ဖမ်းဆီးသွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး” ဟု မော့ကနင်ဒေသခံတစ်ဉီးက ပြောသည်။

အိမ်ဆောက်ပရိဘောဂပစ္စည်းရောင်းဝယ်ရေးဆိုင်များ ဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ကျောင်းဒါယိကာတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။

မော့ကနင်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်ပွားနေပြီး နိုင်တင့်ဝေ အပါအဝင် ၄ ဦးထက်မနည်း ဖမ်းဆီးထားရပြီး မိသားစုဝင်တို့နှင့်လည်း အဆက်သွယ် မရရှိကြဘူးလို့လည်း ဒေသခံတို့က ပြောသည်။

“ပြီးခဲ့တဲ့ ၂ ရက်ကလည်း ရွာက သစ်ဖြတ်နေတဲ့ လူ ၂ ယောက်လည်း အဲလိုပဲ အကြောင်းပြချက်မရှိပဲ ဖမ်းခံခဲ့ရတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာမှ နိုင်ဗင်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့တို့က ရော်ဘာခြံတွင် ပစ်သတ်ခဲ့သေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်တို့က အရပ်သားပြည်သူများကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသတ်ဖြတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ ကျူးလွန်နေပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ နောက်ပိုင်း အခြေအနေပိုမိုစိုးရွားလာသည်ဟု ဒေသခံတို့က ပြောသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...