လွိုင်ကော် ဆိုလစယ် ဒေါတမြေး ဒေါတမကြီး ဘောလခဲလမ်းမကြီးအား ရက်အကန့်အသတ်မရှိ ယာယီပိတ်

လွိုင်ကော် ဆိုလစယ် ဒေါတမြေး ဒေါတမကြီး ဘောလခဲလမ်းမကြီးအား ရက်အကန့်အသတ်မရှိ ယာယီပိတ်

ကေးဒူ — ကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ကရင်နီပြည်အစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန အမှတ် (၁) ခရိုင် က ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ရေး အခြေအနေအရ လမ်းပိတ်ထားတာဖြစ်တဲ့အတွက် ပြန်လည်ဖွင့်လှစ်မဲ့ပချိန်ကိုတော့ ထပ်မံ အသိပေး အကြောင်းကြားသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒါက စစ်ရေးလှုပ်ရှား စစ်ရှိန်မြင့်တဲ့အပေါ် မူတည်ပြီးတော့ လမ်းက ကျနော်တို့ ပြန်ဖွင့်၊ မဖွင့်ဆိုတာ ပြန်ထုတ်ပြန်ပေးမယ်” လို့ KNDF ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ပြောပါတယ်။

လမ်းများ ပိတ်ထားတဲ့ အတောအတွင်း ပြည်သူများ အသွားအလာ လုံးဝ မပြုလုပ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အဲ့ဒီလမ်းမကြီးမှာ ဖြတ်သန်းသွားလာတဲ့ ကားတစ်စီး မိုင်းနှင်းမိခဲ့ပြီး (၄)ဦး သေဆုံးကာ (၂)ဦး ထိခိုက်ဒဏ်ရာ ရထားတာလည်း ရှိခဲ့ပါတယ်။

Most read this week

ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...