ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ အမျိုးသမီးစွမ်းဆောင်ရည်မြှင့် သင်တန်းဆင်းပွဲပြုလုပ်

ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ အမျိုးသမီးစွမ်းဆောင်ရည်မြှင့် သင်တန်းဆင်းပွဲပြုလုပ်

ကရင်နီ အမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ အမျိုးသမီးတွေအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်း တက်ရောက်ပြီးစီးခဲ့တဲ့သူတွေကို သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ကရင်နီ အမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာ ရှိတဲ့ IRC ( International Rescue Committee ) နဲ့ WPE အဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ WGSS ( Women & Girl’s Safe space ) အဖွဲ့ကနေ Young Women Leadership Course နဲ့ Girl shine Life skills training course ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်သင်တန်းကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီသင်တန်းတွေကို သင်ကြားပေးရတဲ့ ရည်ရွယ်ချက်ကို WEP အမျိုးသမီးစွမ်းရည် မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး တာဝန်ခံ မူဘီက အခုလို ပြောပါတယ်။

“အမျိုးသမီးတွေက လာမယ့် နှောင်းနောင်ဆိုလို့ရှိရင် နယ်စပ်တစ်လျှောက်မှာပဲ နေထိုင်သည်ဖြစ်စေ ပြည်တွင်းမှာပဲ ပြန်နေထိုင်သည်ဖြစ်စေ မိမိနေရပ် အသိုင်းအဝိုင်းထဲမှာပေါ့နော။ အမျိုးသမီးရဲ့ ခေါင်းဆောင်ရည် မြင်တွေ့နိုင်ဖို့အတွက် ကျမတို့ အဲဒီအရာက မူတည်ပြီးတော့မှ ဖြစ်ချင်တဲ့ vision တစ်ခုဖြစ်ပါတယ်။” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ၉ လတာဖွင့်လှစ်ခဲ့တဲ့ Young Women Leadership Course ကို သင်တန်းသူ ၁၈ဦး တက်ရောက်ပြီးစီးခဲ့ပါတယ်။

အဲဒီသင်တန်းတွေကနေ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေက ဘာတွေလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်ကို ကာကွယ်လို့ရနိုင်လဲ၊ လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှု စတဲ့ အကြောင်းအရာတွေကို သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

Young Women Leadership Course ကို တက်ရောက်ခဲ့တဲ့ ဖရေးမာ ကတော့ သင်တန်းပြီးသွားရင် အမျိုးသမီးတွေကို ပြန်ပြီး ကူညီသွားမယ်လို့ ဆိုပါတယ်။

“ ဒီ leadership ပိုင်းမှာပဲ ဖြစ်ဖြစ်ပေါ့နော။ ဒီအတိုင်းတက်ပြီးတော့ သင်ခန်းစာတွေကို တက်ပြီးတော့ နေတာမျိုး မဟုတ်ပဲနဲ့။ ဒီ Community ( ရပ်ရွာအသိုင်းအဝိုင်း) ထဲမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင် တခြားလုပ်ငန်းပိုင်းမှာပဲဖြစ်ဖြစ် ကျမတို့ ပြန်ပြီးတော့ အသုံးပြုသွားမှာပေါ့နော။ အမျိုးသမီးဘက်မှာလည်း ကျမတို့ ပြန်ပြီးတော့ sharing ပြန်လုပ်ပေးမယ်။ အမျိုးသမီးတွေကိုလည်း ပြန်ပြီးတော့ ကူညီသွားမယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

Young Women Leadership Course မှာ ကရင်နီအမှတ် ( ၁ ) ဒုက္ခသည်စခန်းမှာရှိနေတဲ့သူတွေ၊ ကရင်နီအမှတ် ( ၂ ) ဒုက္ခသည်စခန်းမှာ ရှိသူတွေနဲ့ တခြား ကရင်နီပြည်တွင်းမှာရှိတဲ့ အမျိုးသမီးတွေလည်း လာရောက်တက်ရောက်ခဲ့ကြပါတယ်။

အဲဒီသင်တန်းမှာ အထက်တန်းအောင်မြင်ပြီးသွားသူတွေနဲ့ အမျိုးသမီးအရေးမှာ တစ်နှစ်လုပ်ဆောင်ဖူးသူတွေ တက်ရောက်ကြပြီး အဆိုပါသင်တန်းမျိုး ထပ်မံဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အသက် ၁၈ နှစ်အောက် အမျိုးသမီးတွေကို အဓိက သင်ကြားပေးခဲ့တဲ့ Girl shine Life skills training course မှာတော့ ၁၁ လသာ ဖွင့်လှစ်ခဲ့ပြီး တစ်လမှာ နှစ်ရက် သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၂ခုနှစ်မှာ အဲဒီသင်တန်း တက်ရောက် ပြီးစီးသွားတဲ့ သင်တန်းသူ ၂၂ ယောက်နဲ့ ၂၀၂၀ ခုနှစ်က သင်တန်းတက်ရောက်ခဲ့ပြီးသူ ၄၇ ယောက်ကိုလည်း သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...
May 21, 2026
စိုက်ပျိုးရာသီရောက်လာပြီဖြစ်တာကြောင့် ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကတောင်သူတွေဟာ...
May 20, 2026
ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင်ခရိုင်၊ ကရင်နီဒုက္ခသည်စခန်း အမှတ် ၂ မှာ နေထိုင်ကြတဲ့ လူထုတွေဟာ...
May 19, 2026
လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ ဆီစျေးနှုန်းကြီးမြင့်မှုတွေကြောင့် ဖယ်ခုံအနောက်ဖက်ခြမ်းက...