၀ါကျွတ်ပွဲတော်အကြို စစ်တွေတွင်အရုပ်ကြီးလှည့်ပြီ

၀ါကျွတ်ပွဲတော်အကြို စစ်တွေတွင်အရုပ်ကြီးလှည့်ပြီ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် သီတင်းကျွတ်လပြည့်နေ့ ပွဲတော်အကြို အရုပ်ကြီးလှည့်လည်ပြီး အလှူငွေများ ကောက်ခံနေပြီ ဖြစ်ကြောင်း သိရှိရသည်။

၀ါကျွတ်ပွဲတော် ဆွမ်းတော်ကြီးလောင်းပွဲအပါအဝင် မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အရုပ်ကြီးလှည့်လည်ပြီး အလှူငွေများကို ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါက အစဉ်အလာမပျက် တစ်နှစ်တစ်ခါ ကျင်းပနေကျဖြစ်တဲ့ သီတင်းကျွတ် လပြည့် ဆွမ်းတော်ကြီးလောင်းပွဲအတွက် အလှူငွေကောက်ခံနေတာဖြစ်ပါတယ်”ဟု အလှူငွေကောက်ခံရာတွင် ပါ၀င်သူတစ်ဦးက ပြောသည်။

ယင်းသို့ အလှူငွေ ကောက်ခံခြင်းကို စစ်တွေမြို့ရှိ ရပ်ကွက်များသို့ လှည့်လည်၍ ပြုလုပ်လျက်ရှိရာ အလှူငွေများ ထည့်ဝင်နေကြသည်ကို တွေ့ရှိရသည်။

“ဒီလို အရုပ်ကြီးလှည့်လည်တာကို ကြည့်ရတာဝမ်းသာကြည့်နူးမိပါတယ်။ သားသားတို့ အနေနဲ့ တစ်နှစ်မှာမှ တစ်ခါ ဒီလိုမျိုး အရုပ်ကြီးကတာကို ကြည့်ရတာပါ”ဟု အရုပ်ကြီးလှည့်လည်ခြင်းကို ကြည့်ရှုနေသည့် လူငယ်တစ်ဦးကပြောသည်။

စစ်တွေမြို့တွင် ဆွမ်းတော်ကြီးလောင်းပွဲကို သီတင်းကျွတ်လပြည့် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် ၀င်္ကဘာကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရှိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...