မြေပုံမြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီ စတင်ရရှိ

မြေပုံမြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီ စတင်ရရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်တွင် အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီ ထုတ်လွှတ်နေပြီဟု မြို့နယ်လျှပ်စစ်မှူး ဦးဝင်းလှိုင်က နိရဥ္စရာကိုပြောသည်။

njr0201“ဒီကနေ့ (အောက်တိုဘာ ၁) ညနေ ၅ နာရီခွဲကနေ စပြီးပေးပါတယ်။ လောလောဆယ်တော့ မြေပုံမြို့ပေါ် ၉ ရပ်ကွက် တည်းကို ပေးထားတာပါ “ဟု မြေပုံမြို့နယ်လျှပ်စစ်မှူး ဦးဝင်းလှိုင်က ပြောသည်။

လက်ရှိ မြေပုံမြို့ပေါ်တွင် မီတာဘောက်စ် ၁၁၆၆ လုံးဖြင့် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီးသုံးစွဲလျက်ရှိကြောင်းလည်း မြို့နယ်လျှပ်စစ်ရုံးမှ သိရသည်။

“လောလောဆယ်မီးလိုင်းတွေ မတည်ငြိမ်သေးတော့ ဟိုက မှောင်၊ ဒီကမှောင်နဲ့ အဆင်မပြေသေးဘူး။ သူတို့ပေးတဲ့အချိန်ကနောက်ကျတော့ ပြန်ပြင်ချိန်က မှောင်သွားပြီလေ။ ဘာပဲပြောပြော မီးရတာကတော့ ကောင်းပါတယ်။”ဟု မြေပုံမြို့ရှိ အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် ဦးဣန္ဒစာရက နိရဥ္စရာသို့ မိန့်ကြားသည်။

မြေပုံမြို့ပေါ်အပြင် မြို့နယ်တွင်းရှိ ကျေးရွာ ၅ ရွာကိုလည်း ယခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ထုတ်လွှတ်ပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း မြေပုံမြို့နယ်လျှပ်စစ်ရုံးမှ သိရသည်။

မြေပုံအပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့အများစုမှာ မဟာဓာတ်အားလိုင်းနှင့် အခြားဓာတ်အားလိုင်းများမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဖြစ်ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ရမ်းဗြဲနှင့် မာန်အောင်မြို့များ မရသေးကြောင်းလည်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...