ထိုင်းရေပိုင်နက်ထဲ စက်လှေတစ်စီးနှင့် တရားမဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦး အဖမ်းခံရ

ထိုင်းရေပိုင်နက်ထဲ စက်လှေတစ်စီးနှင့် တရားမဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ ဦး အဖမ်းခံရ
Labour Hittai
Labour Hittai

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် မင်မြို့ ပါ့နမ်းရွာ ထိုင်းရေပိုင်နက်ပင်လယ်ထဲတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၁ ဦးတို့သည်ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းခံထားရကြောင်း သတင်းရရှိသည်။

ကော့သောင်းမြို့ကနေ စက်လှေဖြင့်လာကြသူများဖြစ်ပြီး ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ၄င်းစက်လှေကို ထိုင်း ရဲများက မသင်္ကာသဖြင့် စစ်ဆေးရာမှ  ယခုလို အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ကိုစောမောင် က နိရဉ္စရာ ကို ပြောပါသည်။

‘’ ပင်လယ်ထဲမှာ စက်လှေနဲ့ထိုင်းနိုင်ငံထဲဝင်လာကြတာဗျ၊ ထိုင်းရေပိုင်နက်ထဲမှာပဲ ထိုင်းရဲတွေရဲ့ ဖမ်းဆီး တာခံလိုက်ရတာ၊ အကုန်လုံးက လူငယ်ယောင်္ကျားလေးတွေချည်းပါပဲ၊ စက်လှေပေါ်ပါလာသူအကုန်လုံး အဖမ်းခံထားရပါတယ်။ ’’

စက်လှေပေါ်တွင် လမ်းပြအဖြစ်ခေါ်လာသူတစ်ဦးလည်း အဖမ်းခံလိုက်ရပြီး အလုပ်သမားများကို မေးမြန်းစစ်ဆေးချက်အရ ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင် လန်စွန်ကျေးရွာက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ကြရန်ဖြစ်ကြောင်း၊ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၈၀၀၀ အထိ ပေးခဲ့ရကြောင်း ထိုင်းမီဒီယာများတွင်လည်း သတင်းဖော်ပြထားသည်။

၎င်းတို့အားလုံးကို ထိုင်းနိုင်ငံ ရနောင်းရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး လဝက ဥပဒေနှင့် တရား ရင်ဆိုင်ရဖွယ်ရှိကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်လိုသည့်မြန်မာနိုင်ငံသားများအနေနှင့် တရားဝင် MOU နည်းလမ်းဖြင့်သာ လာစေချင်ကြောင်း၊ ယခုလိုတရားမဝင်လာပါက ပွဲစားကို ပိုက်ဆံပေးရပြီး ထိုင်းရဲများ ဖမ်းဆီးခြင်းကို ခံရပါက ပိုက်ဆံလည်းအဆုံးခံရကာ တရားမဝင်လမ်းကြောင်းကနေလာသည့်အတွက် နယ်စပ်ဖြတ်ကျော် မှု၊ လဝက အမှုများနှင့် အရေးယူခံရနိုင်ကြောင်း ကိုစောမောင်က အကြံပြု ပြောကြားသည်။

July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 15, 2026
မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် တည်ရှိသော အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၄) သည်...
July 14, 2026
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုဖြစ်ပွားစဉ်အတွင်း...
July 14, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သော...