ညောင်လေးပင်ဘူတာ ဗုံးပေါက်ကွဲမှုကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ညောင်လေးပင်ဘူတာ ဗုံးပေါက်ကွဲမှုကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့ ရထားဘူတာရုံမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေ့လည်ပိုင်းက ဗုံးပေါက် ကွဲမှုကြောင့် ခရီးသည် ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ် ဆယ်ရေးအဖွဲ့ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ညောင်လေးပင်ဘူတာမှာ ခရီးသည်တွေ ရထားစောင့်ဆိုင်းနေစဉ် ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် ခရီးသွားပြည်သူတွေ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့တာပါ။ ဗုံးပေါက်ကွဲမှုကြောင့် မကွေး တိုင်း၊ တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာနေ မလဲ့လဲ့အေး၊ မနွဲ့နွဲ့ဝင်း၊ ကိုသက်နိုင်ထွန်းတို့ ၃ ဦး သေဆုံးသွားခဲ့တာပါ။

ဒါ့အပြင် အဲဒီဗုံးပေါက်ကွဲမှာ တောင်တွင်းကြီးမြို့နယ်နေသူ ဒေါ်သန်းဌေး၊ မသူဇာလင်း၊ ဒေါ်ခင်မိုးဝင်း၊ ကိုသက် ပိုင်ကျော်၊ မနုဝါ၊ ညောင်လေးပင်မြို့နေသူ မပြည့်ဖူးခိုင်၊ ကိုသိန်းဇော်၊ ဒိုက်ဦးနေသူ ကိုအောင်ထွန်းလင်း၊ ပြွန်တန်ဆာနေသူ ဒေါ်ခင်အေးမြင့်တို့ ၉ ဦးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဲဒီထဲက ၃ ဦးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးသွားတဲ့ ခရီးသည်တွေကိုတော့ လူမှုကယ်ဆယ်ဆယ်ရေး အဖွဲ့တွေက ညောင်လေးပင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ စစ်တပ်အာဏာသိမ်းတဲ့၂ နှစ်အတွင်း ဘူတာရုံမှာ ဗုံးပေါက်ကွဲမှုကြောင့် ခရီးသည်တွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...