အဆင့်မြင့်ပညာရေးအတွက် နွေဦးကျောင်းမှ ဒီပလိုမာအတန်း တိုးချဲ့ဖွင့်လှစ်

အဆင့်မြင့်ပညာရေးအတွက် နွေဦးကျောင်းမှ ဒီပလိုမာအတန်း တိုးချဲ့ဖွင့်လှစ်

ကရင်နီပြည် ဒီးမော့ဆိုမြို့တစ်နေရာမှာ စစ်ရှောင်ကျောင်းသားတွေအတွက် ဖွင့်လှစ်နေတဲ့ နွေဦးဂုရုလေးများ ပညာရေးစင်တာကနေ ကျောင်းသားတွေ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်တဲ့ အခွင့်အရေး ရရှိဖို့အတွက် ဒီပလိုမာ အတန်းကို ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

“ကရင်နီပြည်မှာ လက်တလော တော်လှန်ရေး ကာလအတွင်း အဆင့်မြင့် ပညာ သင်ယူလေ့လာခွင့် လိုအပ်ချက်ပေါ့နော။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ဖြစ်တယ်။ ပြီးတော့ မြေပြင်မှာက မနှစ်က အနေအထားမျိုးနဲ့ မတူတော့ဘူးပေါ့နော။ ဒီစစ်ရှောင်စခန်းတွေမှာဆိုရင် အလယ်တန်း အထက်တန်း ဖွင့်လာနိုင်တာမျိုးတွေ ရှိလာတယ်ပေါ့နော။ အဲ့ဒီအတွက် ဒီလိုလူငယ်တွေအတွက် သူတို့ အဆင့်မြင့်ပညာ ဆက်ပြီး သင်ယူချင်တယ်ဆိုရင် သင်ယူလို့ရတဲ့ ကျောင်းရှိတယ်ဆိုတဲ့ အနေအထားကို ဖြည့်ဆည်းပေးဖို့ ပေါ့နော။” လို့ နွေဦးကျောင်းမှ ကျောင်းအုပ်ဆရာမ က ပြောပါတယ်။

လက်ရှိမှာ ဒီပလိုမာ အတန်းတက်ရောက်နိုင်ဖို့အတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ လျောက်လွှာ ခေါ်ယူနေပြီဖြစ်ပါတယ်။ လျောက်ထားနိုင်သူတွေကတော့ နွေဦးကျောင်း Sel Kyae Phu program မှ ကျောင်းသား၊ ကျောင်းသူဟောင်းတွေ၊ စစ်ရှောင်နေရသူ၊ အင်္ဂလိပ်စာ အခြေခံ ရှိသူတွေဖြစ်ပြီး အသက် ၁၆နှစ်ကနေ ၂၅နှစ်အတွင်း ခေါ်ယူသွားမှာဖြစ်ပါတယ်။

ပထမအပတ်စဉ်အနေနဲ့ တိုးချဲ့ဖွင့်လှစ်မဲ့ ဒီပလိုမာအတန်းမှာတော့ ကျောင်းသား၊ ကျောင်းသူ ၃၀ ကိုခေါ်ယူသွားမယ်လို့ သိရပါတယ်။ ပညာသင်ကာလ (၁၀)လ သင်ကြားပြီးနောက်မှာ သုတေသန စာတမ်းရေးသားခြင်း သို့မဟုတ် ရပ်ရွာဖွံ့ဖြိုးရေး ပရောဂျက်ကို လုပ်ဆောင်ပြီးမြောက်ပါက Diploma in Social Studies ဒီပလိုမာဘွဲ့ကို ရရှိမှာဖြစ်ပါတယ်။

“ ဒီပလိုမာပြီးသွားပြီဆိုတာနဲ့ သူတို့ လေ့လာသင်ယူထားတဲ့ နယ်ပယ်တွေအလိုက်ပေါ့နော။ သူတို့ သက်ဆိုင်ရာ စိတ်ဝင်စားရာအဖွဲ့အစည်းတွေမှာ မြေပြင်မှာ သူတို့ဆက်ပြီးတော့မှ ဦးဆောင်ပြီးတော့ လုပ်ဆောင်နိုင်သွားမယ်။ သူတို့ အလုပ်အကိုင်အခွင့်အလမ်းလည်း ပိုပြီးတော့ လွယ်ကူသွားမယ်လို့မျှော်လင့်တယ်။ တော်လှန်ရေး အောင်မြင်ပြီးမြောက်သွားတဲ့ အခါကျရင်လည်း သူတို့ ထပ်ပြီးတော့ အဆင့်မြင့် ပညာဆက်ပြီးတော့ လေ့လာသင်ယူဖို့အတွက် ပညာရပ်ဆိုင်ရာ ပေါင်းကူးတစ်ခုလည်း ဖြစ်မယ်။ အထောက်အပံ့တစ်ခုလည်း ဖြစ်မယ်လို့ ရည်ရွယ်တယ်ပေါ့နော “ လို့ နွေဦးကျောင်းမှ ကျောင်းအုပ်ဆရာမ က ပြောပါတယ်။

ဖွင့်လှစ်သွားမယ့် ဒီပလိုမာ အတန်းမှာဆိုရင် Spring University Myanmar (SUM) နွေဦးတက္ကသိုလ် နဲ့ ချိတ်ဆက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဆရာ၊ ဆရာမ ၁၀ ဦးဝန်းကျင်နဲ့ သင်ကြားသွားမှာဖြစ်ပါတယ်။

ဒီပလိုမာ အတန်းကိုလည်း အပတ်စဉ်အလိုက် ဖွင့်လှစ်သွားမှာဖြစ်ပြီး လက်ရှိ တော်လှန်ရေးကာလအတွင်း သက်ဆိုင်ရာ ကဏ္ဍမှာ လုပ်ဆောင်နိုင်မယ့် လူငယ်တွေ ဖြစ်ထွန်းလာဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်။

နွေဦးဂုရုလေးများပညာရေးစင်တာ Sel Kyae Phu program ကနေ ၅လ သင်တန်းဖွင့်လှစ်နေတာရှိပြီး သင်တန်းပြီးဆုံးသွားသူ ၁၆၅ ဦး ရှိနေပြီဖြစ်ပါတယ်။

ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...