စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်တော်မူ၊ ဦးဇင်းတစ်ပါး ထိမှန်ဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်တော်မူ၊ ဦးဇင်းတစ်ပါး ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စုံစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ရှိ ဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအမြောက်တပ်မှ ဖေဖေါ်ဝါရီလ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကနင်ကမော့ကျေးရွာအနီး စုံစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ဒေသခံတို့၏ ပြောပြချက်အရ ဖေဖေါ်ဝါရီလ ၁၀ ရက် နံနက်ပိုင်းက ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝနှင့် ကနင်ကမော့ကျေးရွာအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီအမြောက်တပ်မှ ကနင်ကမော့ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စုံစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းကြီးကျောင်းမှ အသက် ၁၀ နှစ်အရွယ် ကိုရင်တစ်ပါး ပျံလွန်တော်မူသွားပြီး ဦးဇင်းတစ်ပါး လက်မောင်းနှင့် ကျောပြင်တွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကိုရင်လေးတစ်ပါးကတော့ ပွဲချင်းပြီးပဲ ပျံလွန်တော်မူသွားတယ်။ ဦးဇင်းတစ်ပါးက လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်။ ဦးဇင်းကိုတော့ လူမှုကူညီကယ်ဆယ်ရေးအသင်းက လမိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကနင်ကမော့ကျေးရွာမှ အမျိုးသမီးနှစ်ဦး ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

Most read this week

December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...