စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်တော်မူ၊ ဦးဇင်းတစ်ပါး ထိမှန်ဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင်တစ်ပါးပျံလွန်တော်မူ၊ ဦးဇင်းတစ်ပါး ထိမှန်ဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စုံစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ရှိ ဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါး ပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီအမြောက်တပ်မှ ဖေဖေါ်ဝါရီလ ၁၀ ရက် ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကနင်ကမော့ကျေးရွာအနီး စုံစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ဒေသခံတို့၏ ပြောပြချက်အရ ဖေဖေါ်ဝါရီလ ၁၀ ရက် နံနက်ပိုင်းက ရေးမြို့နယ် နှစ်ကရင်ကျေးရွာလမ်းဝနှင့် ကနင်ကမော့ကျေးရွာအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီအမြောက်တပ်မှ ကနင်ကမော့ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် စုံစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ဘုန်းကြီးကျောင်းမှ အသက် ၁၀ နှစ်အရွယ် ကိုရင်တစ်ပါး ပျံလွန်တော်မူသွားပြီး ဦးဇင်းတစ်ပါး လက်မောင်းနှင့် ကျောပြင်တွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကိုရင်လေးတစ်ပါးကတော့ ပွဲချင်းပြီးပဲ ပျံလွန်တော်မူသွားတယ်။ ဦးဇင်းတစ်ပါးက လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်။ ဦးဇင်းကိုတော့ လူမှုကူညီကယ်ဆယ်ရေးအသင်းက လမိုင်းဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကနင်ကမော့ကျေးရွာမှ အမျိုးသမီးနှစ်ဦး ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...