ပကာရီရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် အနီးရှိဒေသခံများ ဘေးလွတ်ရာကို ရှောင်တိမ်းနေရ

ပကာရီရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် အနီးရှိဒေသခံများ ဘေးလွတ်ရာကို ရှောင်တိမ်းနေရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီး ပကာရီ ကျေးရွာရှိ ရဲကင်းစခန်းကို နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ် ခတ်မှုများ အဆက်မပြတ်လုပ်ဆောင်သည့်အတွက် ဒေသခံရွာသားများမှာ အသက်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း ဒေသခံများက ပြောသည်။

ထားဝယ်မြို့နှင့် ဆယ်မိုင်ဝန်းကျင်ကွာဝေးသော ပကာရီကျေးရွာရှိ ရဲကင်းစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ လ ၁၀ ရက်နေ့ နံနက် ၃နာရီခွဲ ဝန်းကျင်တွင် နယ်မြေခံ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ကော်သူး လေတပ်မတော် (KTLA)တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြော စကားအရ သိရသည်။

အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက “တချို့တွေကကျတော့လည်း လမ်းလွဲကသွားတယ်၊၊ မြို့တက်ပြေးရတယ်။ တချို့ကျတော့လည်း ဆွေမျိုးအိမ်ကိုပြောင်းနေရတာပေါ့ ။ စားသောက်ရေးနေ ရေးထိုင်ရေး၊ တော်တော်လေးကို ဒုက္ခရောက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မိနစ် ၃၀ ခန့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ နံနက် ၅ နာရီ အချိန်ထိ လက်နက်ကြီးလက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်နေခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် ဒေသခံရွာသားများမှာ ဗုံးခိုကျင်းများအတွင်း ဝင်ရောက်ခိုလှုံနေထိုင်ကြရကြောင်းလည်း အခြားဒေသခံရွာသားတစ်ဦးကလည်း ယခုလို ပြောသည်။

 “မနက်စောစော ပစ်ခတ်သံတွေကြားရတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ် အသံတွေရော ။ ထွက်ကြည့်လည်းမရဲဘူး။ မနက် ၃နာရီဆိုတော့ ထွက်ပြေးလို့ကလည်းမရဘူးလေ။ ရွာမှာက ခဏခဏ တိုက်ပွဲတွေဖြစ်နေတော့ အိမ်တွေမှာ တိုက်ပွဲဖြစ်လာရင် နေဖို့အတွက် ဗုံးခိုကျင်းတွေ တူးထား တာရှိတယ်၊ နေရာရွှေ့ရတာ မလွယ်တဲ့လူကြီးတွေက အဲ့ဒီထဲဝင်နေရတာပေါ့။” ဟု သူက ပြောသည်။

ပကာရီရဲကင်းစခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဉီး ကျဆုံးပြီး နှစ်ဦးမှာ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေ ဆုံးမှုများ ရှိနေပြီး အဆောက်အဦးများပျက်စီးခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

(KTLA) တပ်ဖွဲ့မှ တာဝန်ရှိသူ စောဆာကဆောကတော့  “ KTLA နဲ့ PDF တပ်ပူးပေါင်းတပ်တွေက ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့တာ။ KTLA ဘက်က ထိခိုက်ကျ ဆုံးမှုမရှိပေမဲ့ PDFဘက်မှာက တစ်ယောက်ကျတယ်၊ နှစ်ယောက်ဒဏ်ရာရတယ်။ အခုလက်ရှိ အခြေအနေမှာက စကစ ကနေရာယူ ထားတယ်၊ အဲ့ဒီပကာရီတစ်ခွင်မှာ။”ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဧပြီလကလည်း ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO (လက်ရှိ KTLA) ၊ ထားဝယ်ခရိုင် (ပကဖ)နှင့် ညီနောင်မဟာမိတ်အဖွဲ့တို့ပူးပေါင်းပြီး ပကာရီရွာရှိ နယ်မြေရဲစခန်းကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သလို စက်တင်ဘာလတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက ၎င်းရဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့ဖူးကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...