ဖားအံမြို့တွင် ဗုံး(၂)လုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ် စစ်ဆေးမှုများ ပိုမိုပြုလုပ်နေ

ဖားအံမြို့တွင် ဗုံး(၂)လုံးပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ် စစ်ဆေးမှုများ ပိုမိုပြုလုပ်နေ

ကရင်ပြည်နယ် ဖားအံမြို့ အမှတ်(၃)အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ ဖေဖော်ဝါရီလ(၁၀)ရက် နံနက်(၆)နာရီအချိန်၌ ဗုံး(၂)လုံးပေါက်ကွဲခဲ့ပြီးသည့်နောက်  စစ်ကောင်စီတပ်များက စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဖားအံမြို့အတွင်းရှိ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံး(၂)လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်များက ပေါက်ကွဲသည့်နေရာအနီးတစ်ဝိုက်တွင် နံနက်(၈) နာရီအချိန်မှစ၍နေ့လည်ပိုင်းအထိ  ကား၊ ဆိုင်ကယ်များနှင့် အသွားအလာပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ယခုလိုပဲပြောသည်။

“မနက်(၆)နာရီက အမှတ်(၃)ရုံးနားမှာ ဗုံး(၂)လုံးပေါက်တယ် အကျယ်ကြီးပဲ။ လူထိတာတွေတော့မရှိဘူး။ ရပ်ကွက်ရုံးအရှေ့မှာရဲတွေစစ်နေကြတယ် မပေးဖြတ်ဘူး။ မနက်(၈)နာရီကစစ်ပြီးတော့ နေ့လည်ကျ တော့မရှိတော့ဘူး။ ဖြတ်တဲ့လူတွေအကုန်လုံးသူတို့စစ်တယ်။ ဆိုင်ကယ်ဆိုလည်းဆိုင်ကယ် ကားဆိုလည်းကား အကုန်လုံးစစ်တယ်”ဟု ၎င်းက ပြောသည်။

ထို့နောက် ဖားအံမြို့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက ဖောက်ခွဲသည်ကို ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီတပ်၏သတင်းအသိုင်းအဝိုင်းများဘက်မှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့်ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ဖားအံမြို့နှင့်နီးစပ်လျက်ရှိသော ကျုံဒိုးကျေးနယ်တွင် တိုက်ပွဲများ တပတ်ကျော် ဖြစ်ပွားပြီးနောက် ဖားအံမြို့တွင်လည်း တိုက်ပွဲများ ဖော်ဆောင်လာနိုင်သည့် သတင်းများ ထွက်ပေါ်နေ၍ စစ်ကောင်စီချထားသော လုံခြုံရေးဂိတ်များတွင် ယခင်ကထက် စစ်ဆေးမှု ပိုမိုတင်းကြပ်မှုများ စစ်ဆေးတင်းကြပ်မှုများကို လုပ်ဆောင်လာလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။ 

Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...