ကော့ကရိတ်၊ ကျောက်ဖျာရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့

ကော့ကရိတ်၊ ကျောက်ဖျာရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးနယ်ရှိ ကျောက်ဖျာကျေးရွာတွင် ယမန်နေ့ဖော်ဝါရီလ ၈ရက်နေ့ ညနေအချိန်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း ကျုံဒိုးမြို့ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှု တစ်စုံတရာမရှိဘဲ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခလရ (၅၄၅)တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် အသက် ၆၀ ဝန်းကျင်အ ရွယ် နော်တာမုနော်ကို လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားကြောင်း အမည်မဖော်လိုသူ ကျောက်ဖျာရွာသားတစ်ဦးက ပြောသည်။

“သုံးလုံး ‌ပေါက်ကွဲတယ်။ မပေါက်ကွဲတာလည်း ရှိတယ်။ ကျောက် ဖျာမှာတော့နှစ်လုံးကျတယ်။ တစ်လုံးက အ‌ရှေ့မှာကျတာ တစ်ခြားသူက ဝပ်တော့မထိဘူး။ အဒေါ်တာမုနော်က ဝပ်မခင်တော့ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုဒေသတွင် ပြီးခဲ့သည့်လက တိုက်ပွဲများပြင်းထန်နေမှုကြောင့် ဒေသခံအချို့ ယခုချိန်ထိ နေအိမ်မ ပြန်နိုင်သေးကြောင်း အချို့မှာ ပြန်ရန်အိမ်မရှိတော့ကြောင်း ကျုံဒိုးမြို့ခံတစ်ဦးက ယခုလို‌ ပြောသည်။

“တစ်ချို့ကနေတော့ရွာမှာပြန်နေပြီး။ တစ်ချို့က ပြန်မ‌နေဘူ။ တစ်ချို့က ပြန်ဖို့အိမ်မရှိတော့ဘူ‌လေ။ မီးလောင်တာပါသွားတယ်ဆိုတော့ သူတို့သားသမီးတွေဆီပဲ သွားနေလိုက်တယ်။ ပြန်လာနေတဲ့သူလည်း ခုလိုဖြစ်တော့ ပြန်ပြေးကြမှာပေါ့”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ကျုံဒိုး-ကမ်းနီတိုက်ပွဲဖြစ်စဉ်တွင် ကျုံဒိုးမြို့နယ်ခွဲတစ်ဖက်ကမ်းရှိ ကမ်းနီ၊  ညောင်ရိပ်သာ၊ သရက်တော့၊ ကော့ခိုက်၊‌ ကျောက်ဖျာ‌ကျေးရွာအစရှိသည့် ဒေသခံများ ၅၀၀၀ ဝန်းကျင်ခန့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။ ထိုတိုက်ပွဲဖြစ်စဉ်ကြောင့် ဒေသခံရွာသား ၂ ဦးထိသေ ဆုံးပြီး နေအိမ်များ ၁၉ လုံ မီးလောင်ပျက်စီးခဲ့ရကြောင်း ကျုံဒိုးမြို့ နယ်ခံများက ပြောသည်။

Most read this week

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...