AA တပ်သားအချို့မှ ဒေသခံများအပေါ် ကျူးလွန်ခဲ့သောအမှုများကို စုံစမ်းစစ်ဆေးနေဟု ဦးခိုင်သုခပြော

AA တပ်သားအချို့မှ ဒေသခံများအပေါ် ကျူးလွန်ခဲ့သောအမှုများကို စုံစမ်းစစ်ဆေးနေဟု ဦးခိုင်သုခပြော
စစ်ရေးပြနေသည့် AA တပ်ဖွဲ့ဝင်များ။
စစ်ရေးပြနေသည့် AA တပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်အတွင်း AA ၏ အောက်ခြေတပ်သားများမှ ကျူးလွန်ခဲ့သည့်အမှုများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မှ ဖော်ထုတ်အရေးယူပေးရန် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC)က ယနေ့(ဖေဖော်ဝါရီလ ၉ ရက်)တွင် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က မြေပုံမြို့နယ်၊ တုတ်ချောင်း(ချင်း)ကျေးရွာမှ ဒေသခံနှစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖုန်းဖြင့်ဆင့်ခေါ်ခဲ့ပြီး အကြောင်းပြချက် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ လက်ပြန်ကြိုးတုတ်ကာ အုပ်စုဖြင့်ရိုက်နှက်မှုကြောင့် တစ်ဦးမှာ သတိမေ့မျောသွားခဲ့ပြီး ယနေ့တိုင် ဆေးကုသမှုခံယူနေရသည်ဟု CPSC က ထုတ်ပြန်ထားသည်။

ထိုသို့ ကျူးလွန်ခံထားရသည့် ပြည်သူလူထုအတွက် တရားမျှတမှုရရှိရန်နှင့် ပြစ်ဒဏ်ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူရန်အတွက် တောင်းဆိုခြင်းဖြစ်သည်ဟု ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC) ဥက္ကဌ ဆလိုင်းပိုင်ဆွန်က ပြောသည်။

“အောက်ခြေက AA တပ်ဖွဲ့ဝင်တွေဟာ ရပ်/ကျေးမှာရှိတဲ့ ရွာသားတွေကို မလိုလားအပ်တဲ့ အာဏာအလွဲသုံးစား လုပ်တာတွေ၊ ဖိနှိပ်တာတွေရှိတယ်။ ကျနော်တို့ လက်လှမ်းမမှီတဲ့ကိစ္စတွေလည်း အများကြီးရှိတယ်”ဟု ၎င်းကပြောသည်။

AA အောက်ခြေတပ်သားများမှ ယခုကဲ့သို့ ကျူးလွန်မှုများကြောင့် ချင်းလူမျိုးများ၏ အနာဂတ်လူမှုဘဝ လုံခြုံရေးအပေါ် များစွာစိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ရှုမြင်ကြောင်းလည်း CPSC ကဆိုသည်။

ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC)မှ ထုတ်ပြန်သည့်ကိစ္စကို မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးနေသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

“ချင်းနိုင်ငံရေးဦးဆောင်ကော်မတီဆိုတဲ့ အဖွဲ့က စွပ်စွဲထားတဲ့အတိုင်း မှန်ကန်မှုရှိ/မရှိ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကို စနစ်တကျ လုပ်ဆောင်နေပါတယ်။ စစ်ဆေးမှုတွေပြီးတော့မှ ကျူးလွန်မှု ရှိ/မရှိဆိုတာကို ကျနော်တို့က ပြောလို့ရပါမယ်”ဟု ၎င်းကဆိုသည်။

ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဦးခိုင်သုခက ဆက်ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စုမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့သည့် AA တပ်သားနှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ နှင့် ကြိမ်ဒဏ်အချက် ၃၀ ချမှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)မှ ထုတ်ပြန်ခဲ့သည်။

ပုံစာ - စစ်ရေးပြနေသည့် AA တပ်ဖွဲ့ဝင်များ။

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...