တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်း (၈၇) ရာခိုင်နှုန်းကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြော

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေစာရင်း (၈၇) ရာခိုင်နှုန်းကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြော

အာဏာသိမ်းစစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူတာကို ပြည်သူတချို့က ပူးပေါင်းပါဝင် တာမရှိပေမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ (၈၇) ရာခိုင်နှုန်းကောက်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီလူဝင်မှုကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။

စစ်ကောင်စီဟာ လူဦးရေစာရင်းအကြောင်းပြပြီး မဲစာရင်းတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ရက်ပေါင်း (၂၀) အထိ ကောက်ယူခဲ့တာပါ။

လက်ရှိစစ်ရေးတင်းမာနေတဲ့ ဒေသတွေမှာ စာရင်းကောက်ယူနိုင်တာမရှိဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ (၈၇) ရာခိုင်နှုန်းကောက်ယူနိုင်ခဲ့တယ်ဆိုတာဟာ လိမ်ညာနေတာသာ ဖြစ်တယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

“ပုံမှန်အခြေအနေတွေမှာတောင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဲဒီလောက်ရအောင် ကောက်ဖို့ ဆိုတာမလွယ်ပါဘူး။ အခုအခြေအနေနဲ့ ဒီလောက်ရတယ်ဆိုတာ သူတို့ လိမ်နေတာလို့ပဲ ပြောချင် တယ်” လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီရဲ့ လူဦးရေစာရင်းကောက်ယူတာကို မပူးပေါင်းဘဲ ဆန့်ကျင်ကြဖို့ လှုံ့ဆော်ထားကြသလို ပြည်သူတွေကလည်း ပူးပေါင်းပါဝင်တာ မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီလဝကဝန်ကြီး ဦးမြင့်ကြိုင်ကတော့ စာရင်းကောက်ယူဖို့ ကျန်ရှိနေတဲ့ အိမ်ထောင်စု တွေကို ဆက်လက်ကောက်ယူသွားဖို့ စီစဉ်နေတယ်လို့ ပြောထားပါတယ်။

လူဦးရေစာရင်းကောက်ယူချိန်မှာစစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁၀) ဦးနီးပါး ပစ်သတ်ခံထားရတယ်လို့ သိရပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အိမ်ထောင်စု (၁၁) သန်းနီးပါးရှိတယ်လို့ ဖော်ပြထား ပါတယ်။

Most read this week

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...