စစ်အာဏာသိမ်းမှုအပေါ် ကမ္ဘာ့နိုင်ငံများ၏ ထုတ်ပြန်ချက်များအပေါ် စစ်ကောင်စီကန့်ကွက်

စစ်အာဏာသိမ်းမှုအပေါ် ကမ္ဘာ့နိုင်ငံများ၏ ထုတ်ပြန်ချက်များအပေါ် စစ်ကောင်စီကန့်ကွက်

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှု နှစ်နှစ်‌ မြောက်သည့်အပေါ် ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံများ၏ထုတ်ပြန်ချက်များအား ကန့်ကွက်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၄ ရက်နေ့ တွင် ထုတ်ပြန်ကြေညာသည်။

အာဏာသိမ်းမှု နှစ်နှစ်‌မြောက်သည့်အပေါ်တွင် ကုလသမဂ္ဂတာဝန်ရှိသူများအပြင် ကမ္ဘာ့နိုင်ငံအချို့က အပြုသဘောမဆောင်သည့် သတင်းများ ထုတ်ပြန်ခဲ့သည်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

စစ်ကောင်စီ၏စွပ်စွဲချက်တွင် တော်လှန်ရေးအဖွဲ့များ၏လုပ်ရပ်များကြောင့် အရပ်သားပြည်သူ ၅,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်မြောက်သည့်အချိန်တွင် စစ်ခေါင်းဆောင်များအနေဖြင့် အရပ်သား နိုင်ငံရေးခေါင်းဆောင်များကို လွှတ်ပေးရန်နှင့် အာဆီယံသဘောတူညီချက်များကို လိုက်နာရန်များ အပါ အဝင် စစ်အုပ်ချုပ်ရေးရပ်တန့်ပြီး အရပ်သားအုပ်ချုပ်ရေးပြောင်းလဲရန်အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံအချို့က တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ကုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA)ကလည်း အာဏာသိမ်းပြီး နှစ်နှစ်တာ အတွင်း၌ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ မြင့်တက်နေပြီး အကူအညီရောက်ရှိနိုင်ရေး အခြေ အနေများသည်လည်း ပိုမိုဆိုးရွားလာကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ထုတ်ပြန်မှုများအပေါ်တွင် စစ်ကောင်စီက ဘက်လိုက်သော ထုတ်ပြန်ချက်များဟု သုံးနှုံးထားပြီး ကုလသမဂ္ဂပဋိညာဉ်အပေါ်မူတည်ပြီး အပြုသဘောဆောင်သည့်အထောက်အကူများ ပြုလုပ်သင့် ကြောင်းလည်း ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းမှု ကျူးလွန်ပြီးနောက် ပြည်သူလူထုကို သတ်ဖြတ်ခြင်းအပါအဝင် စစ်ရာဇဝတ်မှုများဆက်တိုက်ကျူးလွန်လျက်ရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ထုတ်ပြန်ချက်များအရ စစ်ကောင်စီ ၏ သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှု မှာ ၂၉၅၁ ဦး ရှိနေပြီဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် / Crd
September 21, 2026
မကွေးမြို့မှ ထွက်ခွာလာသည့် အင်အား ၁,၅၀၀ နီးပါးပါ စစ်အုပ်စုတပ်၏ ယာဉ်တန်းသည် ယောဒေသ၊ လောင်း...
September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...