ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်က မြို့နယ် ပညာရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက Non-CDM ဝန်ထမ်းတွေကို လစာပေးဖို့ အစည်းအဝေးလုပ်နေစဉ် ဓားပြတိုက်ခံခဲ့ရပြီး ဝန်ထမ်းတွေကိုပေးမယ့် လစာငွေကျပ်သိန်း ၈၀၀ ကျော် ပါသွားတယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ်ပညာရေးမှူးရုံးမှာ အစည်းအဝေးလုပ်နေစဉ် မျက်နှာဖုံးစွပ်ထားသူ ၄ ဦးကပစ္စတိုသေနတ်နဲ့ ဝင်ရောက်လာကာ လစာပေးမယ့် ငွေကျပ် သိန်း ၈၀၀ ကို လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြို့ခံတစ်ဦးက “အစည်းဝေးလုပ်နေတဲ့အချိန် လူ ၄ ယောက် ဝင်လာတယ်၊ သူတို့က Mask တပ်ထားတာ လက်ထဲမှာတော့ ပစ္စတိုသေနတ်ကိုင်ထားကြတယ်၊ ပြီးတော့ ပညာရေးမှုးကိုခေါ်သွားတယ်။ အဲ့အချိန်မှာ သူတို့ကလစာအတွက်ပိုက်ဆံတွေကို ရေတွက်နေတဲ့အချိန်၊ ငွေကို ကုန်ယူသွား မသွားတော့ မသိဘူး။ ဆာလာအိတ်အပြည့်နီးပါး တသောင်းတန်အသစ် ဘယ်လောက်ပါသွားလည်းဆိုတာ မသိရဘူး” လို့ ပြောပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်တဲ့ Non-CDM ပညာရေးဝန်ထမ်း ၆၀၀ လောက်ရှိတယ်လို့သိရပြီး သူတို့ကို လစာငွေထုတ်ပေးဖို့ ပညာရေးမှူးရုံးမှာ အစည်းအဝေးလုပ်နေတဲ့ အချိန်မှာ လုယူခံရတာဖြစ်ပါတယ်။

ဓားပြတိုက်သွားတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရပဲ အဲဒီ ဖြစ်စဉ်ဖြစ်ပြီး နောက်မှာတော့ စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့သလို ဖလမ်းမြို့ပေါ်မှာလည်း လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...