ဧရာဝတီတိုင်း NLD အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း NLD အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်းအစိုးရ NLDအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ဒီနေ့ ဇန်နဝါရီ (၃၀)ရက်နေ့မှာ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းထံမှ သိရပါတယ်။

ဒေါက်တာလှမြတ်သွေးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ကာ စစ်ကောင်စီက အာဏာစတင်သိမ်းခဲ့ချိန် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ပုသိမ်မြို့ရှိဝန်ကြီးများ အိမ်ရာဝင်းအတွင်းရှိနေအိမ်မှာပဲ အကျယ်ချုပ်နဲ့ (၂) နှစ်နီးပါး ထိန်းသိမ်းခံထားရတာပါ။

လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးကို ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ရက်နေ့က ပုသိမ်ထောင်ကိုပို့ဆောင်ခဲ့ပြီး စတင်ရောက်ရှိတဲ့နေ့ကတည်းက တိုက်ပိတ်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒေါက်တာလှမြတ်သွေးကို စတင်ထိန်းသိမ်းစဉ်ကတည်းက အကျယ်ချုပ် ဖြစ်တာကြောင့် ချုပ်ရက်ကိုထုတ်နုတ်ခံစားခွင့်မရဘဲ ချမှတ်တဲ့ထောင် ဒဏ် (၂)နှစ်ကို အပြည့်ကျခံရမယ်လို့လည်း သိရပါတယ်။

ဒေါက်တာလှမြတ်သွေးဟာ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှ စတင်ကာ ရေကြည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရတဲ့ တစ်ဦးတည်းသော NLD ပါတီဝင်ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ဆက်လက်အရွေးခံရပြီး ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန် ကြီးဖြစ်လာခဲ့ပြီး ၂၀၂၀ခုနှစ်မှာလည်း ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

Most read this week

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...