မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဟောင်းနှင့် ဇနီး ပစ်သတ်ခံရ

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဟောင်းနှင့် ဇနီး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်မှ ဗိုလ်ကြီးဟောင်းနှင့်ဇနီး သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

အသတ်ခံရသူများမှာ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာရှိ ရတနာထွန်း သစ်၊ ဝါးနှင့် အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထံ မကြာခဏအ၀င်အထွက်လုပ်ကာ သတင်းပေးသတင်းယူလုပ်‌နေခြင်း ကြောင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သည့် လူကြမ်းကြီးအထူးပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့က သတင်းထုတ်ပြန်သည်။

“စစ်‌ကောင်စီသတင်းပေး လင်မယားနှစ်ယောက်ကို ဇန်နဝါရီလ ၂၆ ရက်၊ မနက် ၁၀ နာရီအချိန် လူကြမ်း ကြီးအထူးပြောက်ကျားတပ်ဖွဲ့မှ ကျည်ဆံငါးတောင့်ဖြင့် သုတ်သင်ရှင်းလင်းခဲ့သည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ကြီးဟောင်းနှင့်ဇနီး အသတ်ခံရပြီးနောက် ကားနှင့်အဖိုးတန်ပစ္စည်းများအား ပြောက်ကျားတပ်ဖွဲ့က သိမ်းယူသွားကြောင်း စစ်ကောင်စီဘက်ကသတင်းဖြန့်ထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်းအဖွဲ့အား ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ မယူပါဘူးဗျ။ မြင်းခြံက စကစ(စစ်ကောင်စီတပ်ဖွဲ့)နဲ့ လယ်သစ်ရွာ က ပျူငပေါက်တို့ လာယူသွားတာ။ ကားနဲ့ပစ္စည်းတွေယူပြီး မြင်းခြံဘက်မောင်းသွားတယ်” ဟု လူကြမ်း ကြီးအထူးပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ဖြေကြားသည်။

အသတ်ခံရသူ ဗိုလ်ကြီးဟောင်းသည် လကတ(၂၀၃၁)မှ ဗိုလ်ကြီးခင်မောင်ထွန်း(ကြည်း ၃၈၅၈၄)ဖြစ်ပြီး၊ ဇနီးဖြစ်သူနှင့်အတူရှိနေစဉ် နေအိမ်၌ပင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

Most read this week

July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...