လွိုင်ကော်ဒေသခံတွေ ဗုံးခိုကျင်းတူးထားကြဖို့ KNDF သတိပေး

လွိုင်ကော်ဒေသခံတွေ ဗုံးခိုကျင်းတူးထားကြဖို့ KNDF သတိပေး

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က (၃) ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်းတူးထားကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က သတိပေးထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၂) ရက်ကစပြီး စစ်ကောင်စီတပ်ဟာ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ ထောက်လှမ်းတာ၊ စစ်ရှောင်စခန်းတွေဆီကို ဂျက်လေယာဉ်တွေနဲ့ အနီးကပ်ပျံသန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွအနေနဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့နဲ့ လေယာဉ်ပျံသန်းလာရင် ဦးတည်ရာမဲ့ထွက်ပြေးတာတွေ မလုပ်ဖို့၊ ထွက်ကြည့်တာ မလုပ်ဖို့၊ ဓာတ်ပုံ-ဗီဒီယိုရိုက်ကူးတာတွေမလုပ်ဖို့နဲ့ ဗုံးခိုကျင်းမဟုတ်တဲ့ နေရာတွေမှာ စုဝေးနေထိုင်တာတွေ မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ လွိုင်ကော်ဒေသမှာ ဇန်နဝါရီ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်မြို့အရှေ့ခြမ်းက ဒေသခံတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့ပြီး ဒီမော့ဆို စစ်ရှောင်စခန်းတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရေးပေါ်ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၂၀၀) ကျော်သေဆုံးထားပြီး ကယားပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်(၁၈၀) ကျော် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Most read this week

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...