ဘီးလင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ဘီးလင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ ကျိုက်ထိုဘက်ကနေ သထုံမြို့နယ်ထဲ မောင်းဝင်လာတဲ့ ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သလို စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာပါ။

အဲဒီနောက်ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဟာ ဒေါက်ရပ်ကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်တစ်လုံးကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရန်ကုန် - မော်လမြိုင် ကားလမ်း လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းလောက်မှာသာ လမ်းပြန်ပွင့်သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရတာကြောင့် စစ်ကား ၂ စီး ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တာပါ။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...