အင်းလေး စစ်ကောင်စီ မှ သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးရ

အင်းလေး စစ်ကောင်စီ မှ သေနတ်ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးရ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ စစ်ကောင်စီ တပ်သားတို့၏ သေနတ် ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် အင်းလေးဒေသ ဟဲယာရွာမကျေးရွာဘက် ညကင်းလှည့်သည့် စစ်ကောင်စီ တပ်ဖွဲ့ နှင့် ပျူစောထီးတို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကလေးချော့တိတ်နေသည့် နေအိမ်ထဲရှိ အမျိုးသမီး တစ်ဦး၏ နားထင်ကို သေနတ်ကျည်ဆံ ထိမှန်ခဲ့ကြောင်း သိရသည်။

“အင်းလေးကန်ထဲ ကင်းလှည့်တဲ့ စစ်သားတွေက သေနတ် နဲ့ ပစ်လိုက်တာ အိမ်ထရံကို ဖောက်ပြီး သူမ နားထင်ကို ကျည်စိုက်ဝင်သွားတယ်၊ အမျိုးသမီးကို အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ တောင်ကြီးဆေးရုံကို ပို့မလို့ လုပ်တော့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က နမ့်ပန်တိုက်နယ်ဆေးရုံကိုပဲ ပို့ခိုင်းတယ်၊ တိုက်နယ် ဆေးရုံက လက်မခံပဲ တောင်ကြီး စဝ်စံထွန်းဆေးရုံကို ပြန်လွှဲပေးတယ်၊ လမ်းမှာ အဲ့လိုတွေ ကြာသွားတော့ ဆေးရုံ ရောက်လည်း မမှီတော့ဘူး၊ ဆေးရုံမှာ ဆုံးသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ သေနတ်ကျည်ဆံ ထိမှန်သည့် အမျိုးသမီးသည် အသက် ၄၀ ဝန်းကျင် အင်းလေးဒေသခံ တစ်နေ့လုပ် တစ်နေ့စား အရပ်သားပြည်သူ တစ်ဦးဖြစ်ပြီး အသက် ၅ နှစ် ဝန်းကျင်ရှိသည့် ကလေးမိခင် တစ်ဦးလည်း ဖြစ်ကြောင်း သိရသည်။

သေနတ် မဆင်မခြင် ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးရခြင်း နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ရွာအုပ်ချုပ်ရေးမှူးကို ပြောဆို တိုင်တန်းသော်လည်း မည်သည့် အရေးယူ ဆောင်ရွက်ပေးမှု မရှိကြောင်းလည်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“အင်းလေးက ပျူစောထီးကိုလည်း သွားရှာတယ်၊ အိမ်မှာ သူမရှိဘူး၊ ဒါကြောင့် ရွာလူကြီးကို တိုင်လိုက်တာ၊ ဘာမှ တုံ့ပြန်မှု မရှိဘူး” ဟု ၎င်းက ပြောသည်။

ယခု ရက်ပိုင်းအတွင်းတွင် အင်းလေးဒေသအတွင်း၌ စစ်ကောင်စီ တပ်သားတို့ တင်းကြပ် စစ်ဆေးနေမှုများ ကြောင့် တပိုင်တနိုင် ဝမ်းစာအဖြစ် ညဘက် ငါးဖမ်းရှာထွက်သူများ၊ လှေသမားများက လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း အင်းလေးဒေသက အမည်မဖော်လိုသူ လှေသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်နေရာနဲ့ တစ်နေရာကို လှေနဲ့ပဲ သွားနေချိန် စစ်သားတွေနဲ့ တွေ့ရင် တော်တော်လှန့်ရတယ်၊ စစ်မေးတာက ဘာမှ မဟုတ်ပေမဲ့ ပိုက်ဆံညစ်တာတွေပါ ရှိလာတတ်တယ်၊ ပြီးတော့ ညဘက် ငါးဖမ်းထွက်သူတွေ အနေနဲ့လည်း လုံခြုံမှု မရှိပါဘူး၊ မဲမဲမြင်ရင် လိုက်ပစ်တတ်လို့ ကြောက်နေရတယ်၊ ဖမ်းတာတွေလည်း ရှိတော့ ကြောက်နေရတယ်” ဟု အင်းလေးဒေသက လှေသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အရင် နိုင်ငံရေး တည်ငြိမ်အေးချမ်းချိန်တွင် အင်းလေးဒေသ ပြည်သူများက ငါးဖမ်းခြင်းဖြင့် တပိုင်တနိုင် လုပ်ငန်းလုပ်ကိုင်ပြီး ဝမ်းစာရှာဖွေခဲ့ကြသော်လည်း လက်ရှိတွင် စစ်ကောင်စီတို့၏ တင်းကြပ်သည့် စစ်ဆေးရေးများကြောင့် ဝမ်းစာ ရှာဖွေရေးအပိုင်းလည်း ခက်ခဲလာကြောင်း သိရသည်။

ထို့အပြင် အင်းလေးဒေသရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များမှ တပ်သားများသည် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် စစ်ဆေးမှုများ ပြုလုပ်နေသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယနေ့ အချိန်ထိ နိုင်ငံနှင့် တဝှမ်းလုံးရှိ စစ်ကောင်စီ တပ်သားများ၏ သေနတ်အားကိုး အကြမ်းဖက် လုပ်ရပ်မှုများကြောင့် ပြည်သူများက အပြင်ထွက် သွားလာရေး နှင့် လုံခြုံရေးပိုင်းဆိုင်ရာများ အတွက် အထူးစိတ်ပူနေရကြသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...