တနင်္သာရီမှာ လက်နက်ကြီးထိမှန်တာကြောင့် အသက် ၉၀ ကျော်အဖွားအိုတစ်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

တနင်္သာရီမှာ လက်နက်ကြီးထိမှန်တာကြောင့် အသက် ၉၀ ကျော်အဖွားအိုတစ်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက် ကြီးကျည် ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၉၀ ကျော်အဖွားအိုတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးဝန်းကျင်တစ်ဝိုက်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ် နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဇန်နဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဥယျာဉ် ကမ်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၉၀ ကျော် အဖွားဒေါ်သိန်းခင် ကျည်ထိမှန် သေဆုံးခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဘန်းလမွတ်၊ ဗောဓိကမ်း၊ မော်တုန်းနဲ့ဥယျာဉ်ကမ်းကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့ဲတဲ့အတွက် ဒေသခံ ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၅ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တာပါ။

တနင်္သာရီမြို့နယ် PDF တာဝန်ခံကတော့ တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေမှာရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားသွားလာကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာပေးဖို့ တိုက်တွန်းတာပါ။

တိုက်ပွဲတွေကြောင့် ဘန်းလမွတ်၊ ဗောဓိကမ်း၊ ဥယျာဉ်ကမ်း၊ ရမ်းဖို၊ ညောင်ပင်ကုန်း၊ တနင်္သာရီမြို့၊ အောက် ကမ်း၊ မော်တုန်းကျေးရွာတွေအပါအဝင်ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၂၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတာပါ။

တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ခရီးသွားကားတွေအနေနဲ့ တနင်္သာရီမြို့နယ်အတွင်း ည ၇ နာရီမှ မနက် ၅ နာရီအထိ ဖြတ်သန်းသွားလာတာ မလုပ်ဖို့၊ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ကပ်လျက်မသွားလာဖို့၊ ကားတွေ မှန် တံခါးချမောင်းပေးဖို့၊ စစ်ဆေးမှုတွေကို ကြည်ဖြူစွာအစစ်ဆေးခံဖို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...