ရေဖြူမြို့နယ် ကံပေါက်ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

ရေဖြူမြို့နယ် ကံပေါက်ဒေသခံ ၉ ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံ ၉ ဦးကို နေအိမ်တွေမှာ လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လည်ပိုင်းက ဇာဒီကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအေးဟန်၊ ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်စိုးနဲ့ တပည့်ဖြစ်သူ ဦးလှဌေးတို့ကို လက်နက်ကိုင် အဖွဲ့တစ်ခုက လာရောက် ပစ်ခတ်ခဲ့ တာပါ။

အဲဒီပစ်ခတ်မှုအပြီး ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က ပစ်ခတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေသခံ ၉ ဦးကို လာရောက်ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက် ၁ နာရီလောက်မှာ ကံပေါက်ဒေသ မဂ္ဂင်ရပ်ကွက်နေ ကိုမင်းနဲ့ကိုအာ ကာမာန်တို့ကို နေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ လှည်းကုန်းကျေးရွာနေ ဦးဆန်းဦး၊ ဒေါ်မာရီ၊ မချိုလတ်၊ မနီ၊ ဒေါ်ပု၊ ဦးထွန်းရှိန်၊ ဒေါ်နီနီအပါအဝင် ၇ ဦးကို ထပ်မံဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးသွားတဲ့သူတွေကို စစ်ကောင်စီတပ်က မောရဝတီရေတပ်စခန်းကို ဖမ်းဆီးသွားခဲ့ပြီး နေ့လည်ပိုင်းထိ ပြန်မလွှတ်သေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း ကံပေါက်ဒေသကနေ ပြန်မထွက်သေးဘဲ PDF တွေကို လိုက်လံရှာဖွေတာတွေ လုပ်နေသေးတယ်လို့ ဆိုပါတယ်။

ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦး ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်မှာ ဇာဒီကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးအေးဟန် ပွဲချင်းပြီးသေဆုံးခဲ့တာပါ။

ဒါပေမယ့် ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးခင်စိုးနဲ့ တပည့်ဖြစ်သူ ဦးလှဌေးတို့မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ကံပေါက်တိုက်နယ်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...