ရဲတပ်ဖွဲ့အထိမ်းအမှတ် စစ်တွေမြို့လောကာနန္ဒာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရဲတပ်ဖွဲ့အထိမ်းအမှတ် စစ်တွေမြို့လောကာနန္ဒာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
by -
စံမောင်သန်း
၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၅၃) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်း အမှတ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတွင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။ ၎င်းသန့်ရှင်းရေးကို နံနက် ရ နာရီမှ ၉ နာရီခွဲထိ ပြုလုပ်ခဲ့ကြသည်။ သန့်ရှင်းရေးပြုလုပ်ရာတွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၊ စစ်တွေခရိုင်ရဲတပ်ဖွဲ့၊ စစ်တွေမြို့နယ်ရဲတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၅ ဦးပါ၀င်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့က ဦးဆောင်၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ “ပထမတစ်ချက်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်နဲ့ပါ၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတဲ့ တာဝန် တစ်ရပ်လည်း ပါပါတယ်။ အဲဒါအပြင် အောက်တိုဘာလ ၁ ရက်နေ့ဟာ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့( ၅၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရန် ရှိပါတယ်။ အဲ့ဒီအတွက်လည်း အမှတ်တရလည်းဖြစ်အောင် ဂုဏ်ပြုတဲ့အနေနဲ့ လုပ်အားဒါန လာပြုတာပါ”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။ ပြည်နယ်ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် လောကနန္ဒာစေတီတွင် သန့်ရှင်းရေးပြုလုပ်ခြင်းကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေသည်ဟု ဆိုသည်။ “ဒါက ကျမတို့ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျဖြစ်ပါတယ်ရှင့်။ လိုအပ်ရင်လည်း လိုအပ်သလို ပြုလုပ် နေပါတယ်ရှင့်။ ကျမတို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ပြည်သူတွေနဲ့ လုပ်တွဲလုပ်ဆောင်နေပါတယ်”ဟု သန့်ရှင်းရေးလုပ်ရာတွင် ပါ၀င်သည့် ရဲမယ်ဒုရဲအုပ်တစ်ဦးက ပြောသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သော ၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ထူးချွန်သော ရဲတပ်ဖွဲ့ဝင်များကိုလည်း ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။ “ရဲတပ်ဖွဲ့နေ့မှာ မနက်မှာ သံဃာတော် ၁၁ ပါးကို ပင့်ဖိတ်ပြီးတော့ အာရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ အခမ်းအနားကို ဦးဥတ္တမခန်းမမှာ နံနက် ၉ နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာတော့ ဒီတစ်နှစ်တာ ကာလအတွင်းမှာ ရဲတပ်ဖွဲ့အနေနဲ့ ပတ်သက်ပြီးတော့ စွမ်းရည်သတ္တိဆိုင်ရာ လုပ်ငန်းကိစ္စတွေ၊ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ရမယ့်ဟာတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေရယ်၊ နောက်တစ်ခါ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်တဲ့ ကိစ္စတွေမှာ စိတ်အားထက်သန်စွာနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဆုတွေ ပေးအပ်ချီးမြှင့်သွားပါမယ်”ဟု စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းနောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။ ၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခြင်းကိုလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အထွေထွေရောဂါကု ဆေးရံကြီးတွင် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...