ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ ဝန်ထမ်းတွေ အမြန်ဆုံး CDM လုပ်ဖို့ တပ်ပေါင်းစု သတိပေး

ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ ဝန်ထမ်းတွေ အမြန်ဆုံး CDM လုပ်ဖို့ တပ်ပေါင်းစု သတိပေး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ပြည်သူလူထုနဲ့ အမြန်ဆုံး လက်တွဲပြီး CDM ပြုလုပ်ကြဖို့ ဘုရားသုံးဆူမြို့ပြ ပျောက်ကျားတပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မနေ့ ဇန်နဝါရီလ(၂၃)ရက်နေ့ ညပိုင်းအချိန်က ဘုရားသုံးဆူမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေဖြစ်ကြတဲ့ လူဝင်မှုကြီးကြပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စည်ပင်ရုံးတို့ကို ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့က ဝင်ရောက်ရှင်းလင်းမီးရှို့ခဲ့တာပါ။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့က ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ အမြန်ဆုံး ပြည်သူတွေနဲ့ လက်တွဲပြီး CDM ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဘုရားသုံးဆူမြို့မှာ စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေဟာ တစ်စုံတစ်ခုဖြစ်ပေါ်ပါက ဘယ်တစ်ဦးတစ်ယောက်ကမှ ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့တာကို မနေ့ညဖြစ်စဉ်မှာ တွေ့မြင်နိုင်တယ်လို့ ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့က ဆိုထားပါတယ်။

ဒီအတွက်ကြောင့် စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်တော့ဘဲ အမြန်ဆုံးပြည်သူနဲ့ လက်တွဲပြီး CDM ပြုလုပ်ဖို့ တပ်ပေါင်းစုအဖွဲ့က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီအတွက် သတင်းပေးနေတဲ့ စစ်ကောင်စီထောက်တိုင် ဆိုင်ကယ်ကယ်ရီ သမားတွေ၊ လူပုဂ္ဂိုလ်တွေကိုလည်း ဒီကနေ့မှစပြီး မိမိတို့လုပ်ရပ်တွေကို ရပ်တန့်ဖို့အတွက် သတိပေးအပ်တယ်လို့ ဘုရားသုံးဆူမြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်ထား ပါတယ်။

ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ ဌာနဆိုင်ရာရုံး ၃ ရုံးကို မြို့ပြပျောက်ကျားတပ်ပေါင်းစုအဖွဲ့က စီးနင်းမီးရှို့ပြီးနောက် စစ်ကောင်စီတပ်နဲ့ BGF ဘက်က ဝင်ရောက်နေရာယူထားသလို ဒေသခံပြည်သူတချို့လည်း ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...