ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာရုံးများ မီးရှို့ခံရပြီးနောက် အခြေအနေ ငြိမ်သက်နေဟုဆို

ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာရုံးများ မီးရှို့ခံရပြီးနောက် အခြေအနေ ငြိမ်သက်နေဟုဆို
ည ၁၀ နာရီခန့် တွင် မီးလောင်ကျွမ်းနေသည့် ဘုရားသုံးဆူမြို့
ည ၁၀ နာရီခန့် တွင် မီးလောင်ကျွမ်းနေသည့် ဘုရားသုံးဆူမြို့

လွန်ခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန်ခန့် တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ လဝကရုံး၊ ထွေ/အုပ်ရုံးနှင့် သစ်တောရုံးတို့ မီးရှို့ခံခဲ့ရပြီးနောက် ယနေ့နံနက်ပိုင်း၌ မြို့ပေါ်တွင် အခြေအနေ ငြိမ်သက်နေသည်ဟု မြိုခံတို့ထံမှ သိရသည်။

ဘုရားသုံးဆူမြို့ရှိ လဝကရုံး၊ ထွေ/အုပ်ရုံးနှင့် သစ်တောရုံးတို့ကို ဇန်နဝါရီ ၂၃ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က တော်လှန်ရေးပူးပေါင်းအဖွဲ့တို့က ဝင်ရောက် မီးရှို့ခဲ့သည်ဟု မြို့ခံတို့က ပြောသည်။

“ မနေ့ ည (၁၀) နာရီလောက်မှာ လက်နက်ကိုင်အဖွဲ့တွေ ကားတွေနဲ့ ရောက်လာပြီးတော့ ထွေ/အုပ်ရုံးရယ်၊ လ.ဝ.က ရုံးရယ်၊ သစ်တောရုံးတွေကို မီးရှို့သွားတယ်။ အဲ့ဒီအချိန်မှာ စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေရှိတယ်။ ရုံးတွေကို မီရှို့ပြီးတာနဲ့ ကားတွေနဲ့ ပြန်ထွက်သွားတယ်”  ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းမှာတော့ ဘုရားသုံးဆူမြို့ပေါ်တွင် လူအသွားအလာရှင်းနေပြီး အခြေအနေတည်ငြိမ်လျှက်ရှိသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြို့ခံတို့က မြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပြီး အချို့ကတော့ ထိုင်းဘက်ကမ်းကို ပြောင်းရွှေ့နေကြသည်လည်းရှိသည်ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

“ ဒီနေ့ မနက်ပိုင်းမှာတော့ ငြိမ်နေတယ်။ လမ်းပေါ်မှာတော့ လူရှင်းနေတယ်။ မြို့ခံတချို့တော့ ထိုင်းဘက်ခြမ်းကို တောလမ်းကနေ ပြောင်းရွေ့နေတာမျိုးရှိတယ်။ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်နေကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီဌာနဆိုင်ရာရုံးများ မီးရှို့ခံရစဥ် လူနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုမရှိဘူးလို့လည်း မြို့ခံတို့ထံမှ သိရသည်။

ယမန်နေ့ ညပိုင်းက ဘုရားသုံးဆူမြို့အတွင်း ဌာနဆိုင်ရုံးများ မီးရှို့ခံရချိန်တွင် စစ်ကောင်စီ တပ်ဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့သည့်အတွက် ထိခိုက်ပျက်ဆီးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုတော့ အသေးစိတ်မသိရသေးပေ။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...