လားရှိုး လောင်းကစားဝိုင်း ဗုံးပေါက်ကွဲ လူ ၂ ဦး သေဆုံးဦး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

လားရှိုး လောင်းကစားဝိုင်း ဗုံးပေါက်ကွဲ လူ ၂ ဦး သေဆုံးဦး၊ ၅ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ လောင်းကစားဝိုင်းရုံတစ်ခုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ၂ ဦး သေဆုံးကြောင်း သတင်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ညနေ ၉ နာရီတွင် လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းရှိ လောင်းကစားဝိုင်းရုံ တစ်ခုကို အမည်မသိ လူတစ်ဦးက ဗုံးတစ်လုံးလာရောက်ပစ်ပေါက်ရာ ပေါက်ကွဲပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသလို လူငယ်အရွယ် ၂ ဦး သေဆုံးကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ လောင်းကစားရုံထဲကို လူတစ်ဦးက ဗုံးလာပစ်ပေါက်တာဗျာ။ ပစ်တဲ့သူကလည်း ဘယ်သူဆိုမှန်းလည်း သေချာမသိဘူး။ လောင်းကစားရုံထဲက လောင်းကစားလုပ်တဲ့သူ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက် ထိခိုက် ဒဏ်ရာ ရသွားတယ်။ လူငယ် ၂ ယောက်တော့ ဆုံးသွားတယ် “ ဟု ၎င်းကပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်ပြီး လောင်းကစားရုံ၏ ခေါင်မိုး၊ ဖဲဝိုင်း နှင့် ကုန်းကင်း များ ပျက်စီးသွားကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၅ အတွင်းရှိ လောင်းကစားရုံသည် ဦးမောင်ကြီး ဆိုသူက ဦးဆောင်ကာ ဖွင့်လှစ်လာသည်မှာ ၁ နှစ်ခန့်ကြာပြီ ဖြစ်ကြောင်းလည်း သိရသည်။

“ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဦးမောင်ကြီးဆိုသူက ဦးဆောင်ပြီး လောင်းကစားကို ဖွင့်လာတာဗျ။ ဦးမောင်ကြီးကတော့ လားရှိုးမှာ ဗိုလ်ကျတယ်။ ဟတ်ကာကျေးရွာက လောင်းကစားဝိုင်းဆိုလည်း ဦးမောင်ကြီးက ဦးဆောင်ပြီး လုပ်တာ။ အဲ့ကတော့ ဖွင့်ထားတာ ၄ လကျော်ပြီ၊ နေ့တိုင်းလိုလို လူစည်နေတယ် “ ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးမှု ပျက်ပြားလာနေသလို လောင်းကစားဝိုင်း ပိုများလာပြီး လုယက်၊ သူခိုး၊ ဓားပြများလည်း ပေါများလာသောကြောင့် ဒေသခံပြည်သူများသည် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုသည် တစ်နေ့တခြား ပိုမိုကြီးထွားလာကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...