KNU ညောင်လေးပင်ခရိုင်မှာ လဝက်အတွင်းတိုက်ပွဲအကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့

KNU ညောင်လေးပင်ခရိုင်မှာ လဝက်အတွင်းတိုက်ပွဲအကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်မှာ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၁၅ ရက် နေ့ထိ လဝက်အတွင်း KNLA ၊ KNDO နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပေါင်းအကြိမ် ၅၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။

အဲဒီလဝက်အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာ ကွယ်ရေးတပ်ဖွဲ့ (KNDO)၊ လက်အောက်ခံ Federal Wings Drone တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား နေ့စဉ်နဲ့အမျှ တိုက်ပွဲ ဖြစ်ပွားခဲ့သလို Federal Wings Drone တပ်ဖွဲ့ကလည်း ဝေဟင်တိုက်ခိုက်မှုပေါင်း (၁၄) ကြိမ်နီးပါး ပြုလုပ်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ ဒုတပ်ရင်းမှူး (၁) ဦး အပါအဝင် (၄၇) ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အတည်မပြုနိုင်သေးတဲ့ ထိခိုက်သေဆုံးမှုတွေလည်း ရှိသေးတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) မှ တိုင်းပြည်နဲ့လူမျိုးအတွက် (၂) ဦး အသက်ပေးလှူခဲ့ရပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထုတွေနေထိုင်တဲ့ ကျေးရွာများအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ညောင်လေးပင်၊ ကျောက် ကြီးနဲ့ မုန်းမြို့နယ်တို့အတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူလူထုပေါင်း (၅၀၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းနေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Most read this week

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...