ရေးအခြေစိုက် စစ်ကောင်စီအမြောက်တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

ရေးအခြေစိုက် စစ်ကောင်စီအမြောက်တပ် ဒရုန်းနဲ့တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက်စစ်ကောင်စီ အမှတ်(၃၁၆) အမြောက်တပ်ကို ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၉ နာရီလောက်မှာ မွန် - တနင်္သာရီ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF-S) တောင်ပိုင်းက ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒရုန်းတိုက်ခိုက်မှုမှာ မွန်ပြည်ကာကွယ်ရေးတပ်တောင်ပိုင်း (MSDF-S) ဒရုန်းတပ်ဖွဲ့ ၊ Dragon Squad (တနင်္သာရီ) ဒရုန်းတပ်ဖွဲ့နဲ့ Seath Fighter ဒရုန်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရန်သူထိခိုက်သေဆုံးမှုစာရင်းကိုတော့ မသိရှိရသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်တောင်ပိုင်း ပြောခွင့်ရသူနိုင်နဂါးကတော့ ပူးပေါင်းတပ်ဖွဲ့တွေ ဗုံးကြဲချပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိတယ်လို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာ Ramonnya Guerrilla Force (RGF)၊ Ye Joker Force (YJF) နဲ့ အခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကြတာဖြစ်ပြီး ပထမဆုံး စုပေါင်းညီညွတ်စွာနဲ့လုပ်ဆောင်တဲ့ စစ်ဆင်ရေးဖြစ်တဲ့အတွက် အားရကျေနပ်မိတယ်လို့ သူက ဆက်ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်း (MSDF-S) အနေနဲ့ ဒေသကာကွယ်ရေးတပ်၊ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး ရန်သူနဲ့သူတို့ရဲ့ထောက်တိုင်တွေကို တိုးမြှင့်တိုက်ခိုက်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၊ ရဲစခန်းအပါအဝင် လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မကြာခဏတိုက်ခိုက်မှုတွေကို ခံရနေတာဖြစ်ပြီး စစ်ကောင်စီဘက်က လုံခြုံရေးအထူးတင်းကျပ်ထားရတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

Most read this week

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...