တီးတိန်မြို့နယ်တွင် ZRA-EC က ပြည်သူ့စစ်သင်တန်းပေး

တီးတိန်မြို့နယ်တွင် ZRA-EC က ပြည်သူ့စစ်သင်တန်းပေး

ချင်းပြည်နယ် တီးတိန်မြို့နယ် ကျိန်းပီးကွတ်ကျေးရွာတွင် Zomi Revolutionary Army- Eastern Command (ZRA-EC) က ဒေသခံပြည်သူ တစ်ရာကျော်ကို ပြည်သူ့စစ်သင်တန်းပေးခဲ့သည်ဟုသိရသည်။

အဆိုပါ ပြည်သူ့စစ်သင်တန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်ကြာ ပို့ချခဲ့ပြီးတက်ရောက်သူ ၁၂၀ ဦးခန့်ရှိသည်ဟု သိရသည်။

Zomi National Volunteer ဟု အမည်ပေးပြီး ယခုပို့ချသည့် ပြည်သူ့စစ်သင်တန်းမှာ အပတ်စဉ် ၈ကြိမ်မြောက်ဖြစ်သည်ဟု သိရသည်။

Zomi Revolutionary Army- Eastern Command (ZRA-EC) သည် စစ်အာဏာရှင်စနစ်ကိုတော်လှန်သော ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ZRA-EC အနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဒေသခံပြည်သူများအား ပြည်သူ့စစ်သင်တန်းများ ပို့ချသည်ကိုမူ မသိရပေ။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...