တီးတိန်မြို့နယ်တွင် ZRA-EC က ပြည်သူ့စစ်သင်တန်းပေး

တီးတိန်မြို့နယ်တွင် ZRA-EC က ပြည်သူ့စစ်သင်တန်းပေး

ချင်းပြည်နယ် တီးတိန်မြို့နယ် ကျိန်းပီးကွတ်ကျေးရွာတွင် Zomi Revolutionary Army- Eastern Command (ZRA-EC) က ဒေသခံပြည်သူ တစ်ရာကျော်ကို ပြည်သူ့စစ်သင်တန်းပေးခဲ့သည်ဟုသိရသည်။

အဆိုပါ ပြည်သူ့စစ်သင်တန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်ကြာ ပို့ချခဲ့ပြီးတက်ရောက်သူ ၁၂၀ ဦးခန့်ရှိသည်ဟု သိရသည်။

Zomi National Volunteer ဟု အမည်ပေးပြီး ယခုပို့ချသည့် ပြည်သူ့စစ်သင်တန်းမှာ အပတ်စဉ် ၈ကြိမ်မြောက်ဖြစ်သည်ဟု သိရသည်။

Zomi Revolutionary Army- Eastern Command (ZRA-EC) သည် စစ်အာဏာရှင်စနစ်ကိုတော်လှန်သော ချင်းပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆန့်ကျင်တိုက်ခိုက်နေသည့်အဖွဲ့ဖြစ်ပြီး ချင်းအမျိုးသားတပ်မတော် CNA အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များလည်း တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ZRA-EC အနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဒေသခံပြည်သူများအား ပြည်သူ့စစ်သင်တန်းများ ပို့ချသည်ကိုမူ မသိရပေ။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...