မင်းပြား-မြောက်ဦးအကြားကားလမ်း မိုင်းရှင်းလင်းရေးလုပ်

မင်းပြား-မြောက်ဦးအကြားကားလမ်း မိုင်းရှင်းလင်းရေးလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သံရှင် ရဲစခန်းအပိုင် ဆပ်ကျာ ဘင်္ဂလီကျေးရွာအနီး ကားလမ်းဘေးတွင် စက်တင်ဘာ ၁၉ ရက်နေ့ ညက ပေါက်ကွဲခဲ့သော လက်လုပ် မိုင်းဗုံးများကြောင့် စက်တင်ဘာ ၂၀ ရက်နေ့တွင် ကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းရေးများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ ဒီကနေ့ (စက်တင်ဘာ ၂၀) နံနက်က မိုင်းရှင်းလင်းရေး လုပ်တဲ့ နေရာတွေက မြောက်ဦးနဲ့ မင်းပြားအကြား စစ်တွေ-ရန်ကုန် ကားလမ်း မိုင်တိုင်အမှတ် ၉၆/၅ နှင့် ၉၇/၄ အကြား တန်းဆိပ်နဲ့ ဆပ်ကျာ ဘင်္ဂလီရွာ အနီးတဝိုက်မှာ လုပ်တာပါ” ဟု မင်းပြားမြို့မှ ရဲအရာရှိ တစ်ဦးဖြစ်သူ ဆရာစိန်က နိရဥ္စရာသို့ ပြောသည်။

“ မိုင်းရှင်းလင်းရေးကို နံနက် ရ နာရီကနေ ၁၀ နာရီထိ လုပ်ပါတယ်။ နောက်ထပ် မိုင်းတွေတော့ မတွေ့တော့ပါဘူး” ဟု သူက ပြောသည်။

ထိုသို့ မိုင်းရှင်းလင်းရေး လုပ်စဉ် တစ်စုံတစ်ရာ ထိခိုက်မှု ရှိမည်ကို စိုးရိမ်၍ ကားအသွားအလာများကို ရပ်နားထားရခဲ့ရသော်လည်း ယခုအခါ ပုံမှန် သွားနေပြီ ဖြစ်ကြောင်း သိရသည်။

“ တပ်ကနေ လာလုပ်တာပါ။ မိုင်းကျွမ်းကျင်သူတွေက လာပြီး လမ်းတစ်လျှောက် ရှာဖွေတာပါ။ ဘာမှတော့ နောက်ထပ် မတွေ့ပါဘူး။ မိုင်းကွဲခဲ့တဲ့ နေရာတွေကိုလည်း စစ်ဆေးကြပါတယ်” ဟု သူက ပြောကြားသည်။

ယမန်နေ့ ည ရ နာရီ ၂၀ မိနစ်က ပေါက်ကွဲခဲ့သော မိုင်းသုံးလုံးအား စိစစ်ရာ လက်လုပ်မိုင်းဖြစ်ကြောင်း၊ အသုံးပြု ဘက်ထရီများ၊ ၀ါယာကြိုးစများကို သိမ်းဆည်းရမိကြောင်း၊ လောလောဆယ်အချိန်ထိ ဖမ်းဆီးခံရသူ တစ်ဦးတစ်ယောက်မှ မရှိသေးကြောင်း ၎င်းရဲအရာရှိက ပြောကြားသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...