မင်းပြား-မြောက်ဦးအကြားကားလမ်း မိုင်းရှင်းလင်းရေးလုပ်

မင်းပြား-မြောက်ဦးအကြားကားလမ်း မိုင်းရှင်းလင်းရေးလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သံရှင် ရဲစခန်းအပိုင် ဆပ်ကျာ ဘင်္ဂလီကျေးရွာအနီး ကားလမ်းဘေးတွင် စက်တင်ဘာ ၁၉ ရက်နေ့ ညက ပေါက်ကွဲခဲ့သော လက်လုပ် မိုင်းဗုံးများကြောင့် စက်တင်ဘာ ၂၀ ရက်နေ့တွင် ကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းရေးများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ ဒီကနေ့ (စက်တင်ဘာ ၂၀) နံနက်က မိုင်းရှင်းလင်းရေး လုပ်တဲ့ နေရာတွေက မြောက်ဦးနဲ့ မင်းပြားအကြား စစ်တွေ-ရန်ကုန် ကားလမ်း မိုင်တိုင်အမှတ် ၉၆/၅ နှင့် ၉၇/၄ အကြား တန်းဆိပ်နဲ့ ဆပ်ကျာ ဘင်္ဂလီရွာ အနီးတဝိုက်မှာ လုပ်တာပါ” ဟု မင်းပြားမြို့မှ ရဲအရာရှိ တစ်ဦးဖြစ်သူ ဆရာစိန်က နိရဥ္စရာသို့ ပြောသည်။

“ မိုင်းရှင်းလင်းရေးကို နံနက် ရ နာရီကနေ ၁၀ နာရီထိ လုပ်ပါတယ်။ နောက်ထပ် မိုင်းတွေတော့ မတွေ့တော့ပါဘူး” ဟု သူက ပြောသည်။

ထိုသို့ မိုင်းရှင်းလင်းရေး လုပ်စဉ် တစ်စုံတစ်ရာ ထိခိုက်မှု ရှိမည်ကို စိုးရိမ်၍ ကားအသွားအလာများကို ရပ်နားထားရခဲ့ရသော်လည်း ယခုအခါ ပုံမှန် သွားနေပြီ ဖြစ်ကြောင်း သိရသည်။

“ တပ်ကနေ လာလုပ်တာပါ။ မိုင်းကျွမ်းကျင်သူတွေက လာပြီး လမ်းတစ်လျှောက် ရှာဖွေတာပါ။ ဘာမှတော့ နောက်ထပ် မတွေ့ပါဘူး။ မိုင်းကွဲခဲ့တဲ့ နေရာတွေကိုလည်း စစ်ဆေးကြပါတယ်” ဟု သူက ပြောကြားသည်။

ယမန်နေ့ ည ရ နာရီ ၂၀ မိနစ်က ပေါက်ကွဲခဲ့သော မိုင်းသုံးလုံးအား စိစစ်ရာ လက်လုပ်မိုင်းဖြစ်ကြောင်း၊ အသုံးပြု ဘက်ထရီများ၊ ၀ါယာကြိုးစများကို သိမ်းဆည်းရမိကြောင်း၊ လောလောဆယ်အချိန်ထိ ဖမ်းဆီးခံရသူ တစ်ဦးတစ်ယောက်မှ မရှိသေးကြောင်း ၎င်းရဲအရာရှိက ပြောကြားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...