မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံးဒရုန်းနဲ့ တိုက်ခိုက်ခံရ

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံးဒရုန်းနဲ့ တိုက်ခိုက်ခံရ
ဓာတ်ပုံ- မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့( ပုံဟောင်း)
ဓာတ်ပုံ- မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့( ပုံဟောင်း)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငလမ်းခွဲ၊ ဝယ်သွန်ချောင်ကျေးရွာအနီးရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ဆက်ဆံရေးရုံးဟာ ဇန်နဝါရီ ၁၆ ရက်နေ့ ည ၈ နာရီလောက်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ သံဖြူဇရပ်မြို့နယ်ဆက်ဆံရေးရုံးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်ဆံရေးရုံးဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချအလင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ချအလင်းဝင်ပြီး ၁၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့နှစ်အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။

စစ်ကောင်စီ ပြည်သူ့စစ်အဖြစ်ပြောင်းလဲထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ်နိုင်အောင်ထွန်းက တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

Most read this week

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...