စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ထန်တလန်မြို့နယ်က စာသင်ကျောင်းများ ရက်အကန့်သတ်မရှိ ပိတ်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ထန်တလန်မြို့နယ်က စာသင်ကျောင်းများ ရက်အကန့်သတ်မရှိ ပိတ်

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့်စာသင်ကျောင်းများအားလုံးကို ဇန်နဝါရီလ ၁၆ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်သည်ဟု ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနကထုတ်ပြန်သည်။

“အားလုံးသိပြီးတဲ့အတိုင်းပေါ့နော်၊ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုတော့ ဒီစာသင်ကျောင်းတွေ ပြည်သူနဲ့ဆိုင်တဲ့နေရာတွေလည်း မချန်ပဲနဲ့ ဗုံးကြဲတာတွေလုပ်တဲ့အတွက်ကြောင့် အခု ကျွန်တော်တို့ ဒီ ဝိတိုရိယစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ကင်းထောက်လေယာဉ်တွေလည်း စိုးရိမ်စရာ ကောင်းလောက်အောင် ခဏခဏ ကျွန်တော် တို့ဘက် ကင်းလာထောက်တဲ့အတွက်ကြောင့် အဲ့တာ ကျွန်တော်တို့အတွက် မလုံခြုံဘူးလို့ ခံစားရလို့ပေါ့နော်၊ ကျွန်တော် တို့ ကျောင်းပိတ်လိုက်ရတာ ဖြစ်ပါတယ်” ဟု (Public Administration, Thantlang Education Department) ပညာရေးဌာနတာဝန်ခံ Salai Cross Thang က ပြောသည်။

စာသင်ကျောင်းများပိတ်ပင်ထားသည့် အချိန်ကာလအတွင်း ပြည်သူများအနေဖြင့် ကျောင်းဧရိယာအတွင်း ဆော့ကစားခြင်းများ၊ ပျော်ပွဲစားထွက်ခြင်းများ လူစုလူဝေးဖြင့်နေထိုင်ခြင်းများ မပြုလုပ်ကြရန်လည်း Public Administration, Than tlang EducationDepartment က သတိပေးတားမြစ်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့ကထန်တလန်မြို့နယ်အတွင်းတည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ပြီးသည့်နောက်တွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်သည်ထန်တလန်မြို့နယ်တွင် ထပ်မံ ပျံသန်းလာသည့်အတွက် နောက်ထပ်လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ထန်တလန်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှဖွင့်လှစ်ထားသော ကျောင်းပေါင်း ၉၅ကျောင်းရှိပြီး ကျောင်းသူ/ကျောင်းသား စုစုပေါင်း ၁၅၀၀၀ ကျော်ခန့်ရှိကာ ထန်တလန်မြို့နယ်တွင်းရှိ ကျောင်းနေရွယ် ကလေးများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်သည် ကျောင်းတက်နိုင်သည့်အနေထားရှိသည်ဟု သိရသည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...