မွန်ပြည်နယ်မှာ တစ်နှစ်အတွင်း အကြမ်းဖက်စွပ်စွဲချက်နဲ့ ၂၀၀ ကျော် ဖမ်းဆီးခံရ

မွန်ပြည်နယ်မှာ တစ်နှစ်အတွင်း အကြမ်းဖက်စွပ်စွဲချက်နဲ့ ၂၀၀ ကျော် ဖမ်းဆီးခံရ

မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ဖောက်ဖျက်ကျူးလွန်သူ၂၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီပြည်နယ်လုံခြုံရေးနဲ့ နယ် စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်က ပြောပါတယ်။

လျှို့ဝှက်ညွှန်ကြားစာထွက်ပေါ်လာတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟို အစည်းအဝေးမှာ မွန်ပြည်နယ်အခြေအနေနဲ့ ပတ်သက်ပြီးတင်ပြစဉ် စစ်ကောင်စီဗိုလ်မှူးကြီးကျော်စွာမြင့်က ပြောဆိုခဲ့တာပါ။

ဗိုလ်မှူးကြီးကျော်စွာမြင့်က ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖောက်ဖျက်ကျူး လွန် ၅၁၀ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီထဲက ၂၁၆ ဦးကို ဖမ်းဆီးနိုင်ကြောင်းနဲ့ အကြမ်းဖက် ဥပဒေနဲ့ အမှုပေါင်း ၄၁၆ မှု ဖွင့်ထားတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်ထဲမှာ လမ်းတံတားဖောက်ခွဲဖျက်ဆီးခံရမှု အကြိမ် (၇၀) ရှိခဲ့သလို ဆက်သွယ်ရေးတာဝါတိုင် မိုင်းထောင်ဖောက်ခွဲခံရမှု (၁၁၆)ကြိမ်ရှိခဲ့ကြောင်းနဲ့ ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်ကြောင့် ၁၀၅ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၈၂ ဦး ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးကျော်စွာမြင့်က ပြောပါတယ်။

အဲဒီအစည်းအဝေးမှာ လာမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်စဉ် အကြမ်းဖက်မှုတွေ ပြုလုပ်လာနိုင်သလို လက်နက်သယ်ဆောင်မှုနဲ့ PDF တွေကိုလည်း သတင်းကြိုတင်ရယူ စုံစမ်းဖော်ထုတ်တာတွေ၊ ပြည်သူတွေကို အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ သူကဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ မွန်ပြည်နယ်မှာအခုနောက်ပိုင်း တော်လှန်ရေးလုပ်သူတွေရဲ့ လူမှုကွန်ယက် စာမျက်နှာအောက်မှာ Likeပေးသူတွေ၊ မှတ်ချက်ပြုရေးသားသူတွေနဲ့ ပြန်လည်မျှဝေသူတွေကိုလည်း ဆက်တိုက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

မတရားဖမ်းဆီခံရတဲ့သူတွေကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က အပြင် အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ပါအရေးယူပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာပါ။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...