စစ်ကောင်စီ စည်းမျဉ်းသစ်ကြောင့် နိုင်ငံတကာ အလှူရှင် ရရန်ခက်ခဲဟု လူမှုကူညီရေး အသင်းများပြော

စစ်ကောင်စီ စည်းမျဉ်းသစ်ကြောင့် နိုင်ငံတကာ အလှူရှင် ရရန်ခက်ခဲဟု လူမှုကူညီရေး အသင်းများပြော

သျှမ်းပြည် တောင်ကြီးခရိုင်အတွင်း လှုပ်ရှားနေသည့် လူမှုကူညီရေးအသင်းများကို စစ်ကောင်စီမှ ထုတ်ပြန်သည့် စည်းမျဉ်းစည်းကမ်း အသစ်များကြောင့် နိုင်ငံတကာ အလှူရှင် ရရှိရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တိုက်ပွဲကြောင့် တောင်ကြီးခရိုင်အတွင်း အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံပြည်သူများသည် အရေးပေါ် အကူညီလိုအပ်လျှင် လူမှုကူညီရေးအသင်းက ကူညီပေးနေကြောင်း သိရသည်။

ထိုသို့ စစ်ရှောင်များကို ကူညီပေးနေသည့် လူမှုကူညီရေးအသင်းများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီ လက်အောက်ခံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် နေရာပြန်လည်ချထားရေး ဝန်ကြီးဌာန မှ ဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ခိုင်က လူမှုကူညီရေးအသင်းဖွဲ့စည်းပုံ အသစ်ပြောင်းလဲရန်အတွက် တောင်ကြီးမြို့၌ အစည်းအဝေးခေါ် ဆောင်ခဲ့ကြောင်း သိရသည်။

တောင်ကြီးခရိုင်အတွင်းရှိ စစ်ရှောင်များကို နိုင်ငံတကာအလှူရှင်များမှ ကူညီထောက်ပံ့လာလျှင် ၎င်းကို အကြောင်းကြားစေလိုခြင်း စသည့်ဖြင့် စည်းမျဉ်းစည်းကမ်း A4 စာရွက် (၂၁) မျက်နှာပါတဲ့ ဖွဲ့စည်းပုံအသစ်ကို လူမှုကူညီရေးအသင်းများ လိုက်နာကျင့်သုံးဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း လူမှုကူညီရေးအသင်းမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“အဓိက အခက်ခဲကတော့ ကျနော်တို့ လူမှုကူညီရေးအသင်းကို ဖွဲ့စည်းပုံအသစ်၊ စည်းမျဉ်းစည်းကမ်း အသစ် ချပေးတဲ့နေရာမှာ၊ ကျနော်တို့ကို ကြိုးကွင်းစွပ်ပေးတဲ့ ပုံစံမျိုးပဲဗျာ။ ICRC ဘဲဖြစ်ဖြစ်၊ UN ဘဲဖြစ်ဖြစ် စစ်ရှောင်တွေကို ကူညီထောက်ပံ့ဖို့ ကျနော်တို့ကို တိုက်ရိုက်ဆက်သွယ်လာရင် သူတို့အကြောင်းကြားရမယ်။ စတဲ့ သူတို့ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွေက A4 စာရွက် (၂၆) မျက်နှာလောက်ရှိတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဖွဲ့စည်းပုံအသစ် စည်းမျဉ်းစည်းကမ်းများကြောင့် လူမှုကူညီရေး အသင်းများဟာ စစ်ရှောင်တွေကို ကူညီထောက်ပံ့ရန် များစွာ ခက်ခဲလာနေကြောင်း သိရသည်။

ထို့အပြင် လူမှုကူညီရေးအသင်းထံ ဖွဲ့စည်းပုံအသစ်၊ စည်းမျဉ်းစည်းကမ်းအသစ်ကို စစ်ကောင်စီက ချမှတ်လိုက်သည့် အပေါ်တွင် နိုင်ငံတကာ အလှူရှင်များက အမြင်မတူခြင်းကြောင့် လက်ရှိမှာ နိုင်ငံတကာမှ အလှူရှင်ထောက်ပံ့မှု လျော့နည်းလာခြင်း၊ ထောက်ပံ့မှု ရပ်ဆိုင်းလာခြင်း စသည့်ဖြင့် ဖြစ်ပေါ်လာကြောင်း သိရသည်။

“ ကျနော်တို့ အသင်းကတော့ ဒီနှစ်က အရင်နှစ်တနှစ်ကလိုဘဲ စစ်ရှောင်တွေကို ကူညီထောက်ပံ့ပေးနေတယ်။ ဒါပေမယ့် နိုင်ငံတကာ အလှူရှင်တွေ သိပ်မရှိတော့ဘူး။ အရမ်းကို နည်းသွားတယ် မနှစ်ကထက် ၃ ဆလောက်က လျော့နည်းသွားတယ်။ စစ်ကောင်စီက ကျနော်တို့ လူမှုကူညီရေးအသင်းကို ဖိအားအရမ်း ပေးတယ်။ နိုင်ငံတကာကလည်း သူတို့ ဖွဲ့စည်းပုံကို အမြင်မတူဘူး၊ တချို့ အဖွဲ့ ထောက်ပံ့ဖို့လည်း ဆုတ်သွားကြတယ်။ တချို့ စောင့်ကြည့်နေကြတယ် “ ဟု ၎င်း က ထပ်လောင်းပြောသည်။

နိုင်ငံတကာကမှ အလှူရှင်များ ပြတ်တောက်လာလျှင် သျှမ်းပြည်အတွင်း စစ်ဘေးဒုက္ခသည်များ၏ စားနပ်ရိက္ခာအပိုင်း များစွာ သက်ရောက်မည်ဟူ၍လည်း သိရသည်။

မြန်မာနိုင်ငံ တဝှမ်းလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း လူဦးရေ ၁ ဒသမ ၄ သန်းကျော်ရှိပြီး ထိုထဲတွင် ၄ သန်းကျော်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခ နှင့် မလုံခြုံမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေ ဖြစ်တယ်လို့လည်း ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ညှိနှိုင်းရေးရုံးမှ ၂၀၂၂ (နိုဝင်ဘာ ၁၀ ) ရက်တွင် ထုတ်ပြန်ထားပါသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...