မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင် အကန့်အသတ်ဖြင့် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း မူဆယ်မြို့ ကုန်သည် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မူဆယ် မန့်ဝိန်းဂိတ်က ဒီနေ့ မနက် မှာဖွင့်လှစ်ပါတယ်။ အဓိကတော့ ကုန်ကားတွေ ဝင်၊ထွက်လို့ရပါပြီ။ အကန့်အသတ်တော့ရှိသေးတယ်” ဟု ၎င်းကုန်သည်အမျိုးသမီးက ဆိုသည်။

မြန်မာ-တရုတ်နယ်စပ်တလျောက်ရှိ ဂိတ်များကို တရုတ်နိုင်ငံဘက်မှ ဇန်နဝါရီ ၈ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ယနေ့ မြန်မာဘက်မှ ပြန်ဖွင့်သည့် နယ်စပ်ဂိတ်သည် ကုန်ပစ္စည်းများနှင့် ယာဥ်မောင်း အကန့်အသတ်ဖြင့်သာ ဝင်၊ထွက်သွားလာခွင့်ရကြောင်း၊ ပြည်သူများ ဝင်၊ထွက်သွားလာခွင့်မရသေးကြောင်း ကုန်သည်အသိုင်းအဝန်းက ပြောသည်။

လက်ရှိ ဖွင့်လှစ်လိုက်သည့် ကျယ်ဂေါင်- မန့်ဝိန်းဂိတ်တွင် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဆေးဝါး၊ စက်မှု၊ လူသုံးကုန်၊ စားကုန်သောက်ကုန် ပစ္စည်းများကို ဝင်ထွက်ခွင့် ပြုကြောင်း သိရသည်။

ယခုလ (ဇန်နဝါရီ ၁၂)ရက်တွင်လည်း ထိုင်း-မြန်မာနယ်စပ် မဲဆောက် -မြဝတီ အမှတ်(၁) ချစ်ကြည်ရေးတံတားကိုဖွင့်လှစ်ခဲ့ပြီဖြစ်ပြီး၊ မယ်ဆိုင်-တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတားကိုလည်း ပြန်လည်ဖွင့်လှစ်ရန် စီစဥ်နေကြေကြောင်း သိရသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...