ရေဦးမြို့က နှစ်ပေါင်း(၁၂၀) ကျော်သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်မီးရှို့

ရေဦးမြို့က နှစ်ပေါင်း(၁၂၀) ကျော်သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်မီးရှို့
ဓာတ်ပုံ - People’s Defense Comrade
ဓာတ်ပုံ - People’s Defense Comrade

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အနောက်ပိုင်းက ကက်သလစ် ခရစ်ယာန်တွေ နေထိုင်တဲ့ ချမ်းသာရွာကို ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေနဲ့ နှစ်ပေါင်း (၁၂၉) နှစ်သက်တမ်း ရှိတဲ့ မယ်တော်သခင်မ ဘုရားကျောင်းကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၄) ရက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဟာ ပြည်သူပိုင်နေအိမ် တွေကိုအရင် မီးရှို့ဖျက်ဆီး ခဲ့တာပါ။

အဲဒီနောက် ချမ်းသာရွာက မယ်တော်သခင်မ ဘုရားကျောင်းမှာ ဝင်ရောက်တပ်စွဲ နေထိုင်ပြီး ဒီနေ့ ဇန်နဝါရီလ(၁၅) ရက် မနက်ပိုင်းမှာတော့ ဘုရားကျောင်းကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မယ်တော်သခင်မ ဘုရားကျောင်းဟာ အသစ်ပြန်မွမ်းမံထား တဲ့ ဘုန်းတော်ကြီးကျောင်းတိုက်၊ခေါင်းလောင်းစင်ကြီးတွေနဲ့ သမိုင်းဝင်ရာပြည့်သီလရှင်ကျောင်း တိုက်တို့ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် ဘုရားကျောင်းမှာ မယ်တော်ဂူ၊ဇရပ်နဲ့ ကိုယ်တော်မြတ်ကျောင်းဆောင် (၃) ဆောင်သာ ကျန်ရှိတော့တယ်လို့ သူက ပြောပါသေးတယ်။

အိမ်ခြေ (၆၀၀) နီးပါးရှိတဲ့ ချမ်းသာကျေးရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ၊ ဇွန်လနဲ့ ဒီဇင်ဘာလတွေမှာ သုံးကြိမ်တိုင်မီးရှို့ဖျက်ဆီးထားပြီး ဒီတစ်ကြိမ်မီးရှို့မှုမှာ လေးကြိမ် မြောက်ဖြစ်တယ်လို့ သိရပါတယ်။

မယ်တော်သခင်မ ဘုရားကျောင်းကို ၁၈၉၄ ခုနှစ်မှာ ကက်သလစ်ဘာသာဝင်တွေက တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နှစ်ပေါင်း (၁၂၉) နှစ်ရှိပြီဖြစ်တဲ့ သမိုင်းဝင် ဘုရားကျောင်းဖြစ်တယ်လို့ သိရပါတယ်။

Most read this week

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...