CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံမှုတွင် ရဲမေ ၂ ဦး အပါအဝင် ၅ ဦးကျဆုံး

CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံမှုတွင် ရဲမေ ၂ ဦး အပါအဝင် ၅ ဦးကျဆုံး

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာန ချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်က တိုက်လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်မှုတွင် ချင်းအမျိုးသားတပ်မတော်မှ ရဲမေ ၂ ဦးအပါအဝင် ၅ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် ၅ ဦးမှာ ဆလိုင်းဗန်ရိုပြန်၊ ဆလိုင်းဒုသင်၊ ဆလိုင်ကီလ်မန်၊ မိုင်ငွန်လှေပါရ်နှင့် မိုင်ရွှေလဲန်ပါရ်တို့ဖြစ်ကြသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝိတိုရိယစခန်းကို အနည်းဆုံး ၅ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အိန္ဒိယပိုက်နက် မီဇိုရမ်ပြည်နယ်ဘက်သို့လည်း ဗုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...