CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံမှုတွင် ရဲမေ ၂ ဦး အပါအဝင် ၅ ဦးကျဆုံး

CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံမှုတွင် ရဲမေ ၂ ဦး အပါအဝင် ၅ ဦးကျဆုံး

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင်တည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF/CNA ဗဟိုဌာန ချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်က တိုက်လေယာဉ်နှင့်ဗုံးကြဲတိုက်ခိုက်မှုတွင် ချင်းအမျိုးသားတပ်မတော်မှ ရဲမေ ၂ ဦးအပါအဝင် ၅ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် ၅ ဦးမှာ ဆလိုင်းဗန်ရိုပြန်၊ ဆလိုင်းဒုသင်၊ ဆလိုင်ကီလ်မန်၊ မိုင်ငွန်လှေပါရ်နှင့် မိုင်ရွှေလဲန်ပါရ်တို့ဖြစ်ကြသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝိတိုရိယစခန်းကို အနည်းဆုံး ၅ ကြိမ်ခန့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အိန္ဒိယပိုက်နက် မီဇိုရမ်ပြည်နယ်ဘက်သို့လည်း ဗုံးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...