ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား

ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် ဇန်နဝါရီ ၁၀ နံနက် ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီ နှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Pekhon PDF) တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ပွဲသည် ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်းတွင် စစ်ကောင်စီက စစ်ရေး ထိုးစစ်ဆင် လာ သောကြောင့် ယနေ့မှ စပြီး တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

“ ဒီနေ့မှ ပြန်ပြီးတိုက်ပွဲဖြစ်တာ။ ဖယ်ခုံအနောက်ဘက်ကမ်း ဖြစ်တာ။ စစ်ကောင်စီက သူတို့ စစ်ရေး ထိုးစစ်ဆင် လာလို့ တိုက်ပွဲဖြစ်တာ” ဟု Pekhon PDF တပ်သားတစ်ဦးက ပြောသည်။

ထိုအပြင် လက်ရှိ ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ပျံဝဲနေလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကျေးရွာဒေသခံများကို တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေရှိသည့် အတွက်ကြောင့် ကြိုတင် ထွက်ပြေးတိမ်းရှောင်ရန်အတွက် Pekhon PDF က အသိပေးထားသည်။

“ အခုလည်း လေယာဉ်တွေ ဝဲနေတယ်။ ဗုံးကြဲမလားတော့မသိဘူး။ ပြင်းထန်လာမယ့် အခြေအနေတော့ရှိတယ်။ တိုက်ပွဲမဖြစ်ခင်ကတည်းက PDF က ပြည်သူတွေကို ကြိုတင်ထွက်ပြေးခိုင်းတာတော့ရှိတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်ညနေပိုင်း တွင်လည်း PDF များက စစ်ကောင်စီတပ် ၃၃၆ ကိုဝင်ရောက်။ ပစ်ခတ်ခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ဇန်နဝါရီ ၇ ရက် ညပိုင်းတွင် ဖယ်ခုံမြို့နယ် တောင်ပို့ကြီးကျေးရွာထဲတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့ သောကြောင့် ပြည်သူနေအိမ် ၂ လုံးပျက်စီးခဲ့သည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...