ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ရွှေဆိုင်ကို ဓားပြတိုက်သည့်အမျိုးသား တာချီလိတ်ဘက်ခြမ်းတွင် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ရွှေဆိုင်ကို ဓားပြတိုက်သည့်အမျိုးသား တာချီလိတ်ဘက်ခြမ်းတွင် ဖမ်းဆီးရမိ

ထိုင်း – မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ဆိုင်တွင် ဓားပြတိုက်ခဲ့သည့် အမျိုးသား တစ်ဦး ကို မြန်မာဘက်ခြမ်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၆) ရက်က အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦး မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ခုကို ဓားပြတိုက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ လောင်းကစားရုံ တစ်ခုမှာ အကြွေးသွားဆပ်ခဲ့ကြောင်း ထိုင်းနိုင်ငံသတင်းမီဒီယာဖြစ်သည့် MaeSai Press သတင်းအရ သိရသည်။

ဓားပြတိုက်သည့် အမျိုးသားကို ဇန်နဝါရီ (၈) ရက် နံနက် (၈) နာရီခွဲတွင် မြန်မာသက်ဆိုင်ရာ တာဝန်ရှိ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Maesai Press တွင်ဖော်ပြထားသည်။

ထိုဓားပြတိုက်သည့်အမျိုးသားသည် ရွှေဆိုင်မှ အလေးချိန် (၅)ကျပ်သား ထိုင်းဘတ်ငွေ (၁၅၃,၅၀၀) ဘတ်ဖြင့် ရောင်းချခဲ့ပြီး မြန်မာဘက်ခြမ်းရှိ လောင်းကစားရုံသို့ အကြွေးသွားရောက်ဆပ်ခဲ့ကြောင်း ၎င်းသတင်းတွင် ရေးသားထားသည်။

အဆိုပါ ဓားပြတိုက်သည့် အမျိုးသားကို ထိုင်းအာဏာပိုင်မှတဆင့် Thai- Myanmar Township Border Committee (TBC) နှင့် BLO တို့ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထိုအမျိုးသားကို မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်အတွက် အမှုဖွင့်ခံထားရကြောင်းလည်း သတင်းမှာ ဖော်ပြထားသည်။

တာချီလိတ်တွင် နေ့စဥ်နဲ့အမျှ သူခိုး၊ ဓားပြမှုများရှိခဲ့သော်လည်း မြန်မာရဲတပ်ဖွဲ့သည် တာဝန်ယူဖြေရှင်းပေးခြင်းမရှိကြောင်း၊ သို့သော် လက်ရှိ ထိုင်းနိုင်ငံမှ အကူအညီတောင်းလာသည်ကို ရက်အနည်းငယ်အတွင်း ဖမ်းဆီးပေးနိုင်ခဲ့သည်။

” မြန်မာရဲက ကိုယ့်ပြည်တွင်းက အမှုတွေတော့ တမြင်လွှတ်ထားသလားပဲ။ ထိုင်းက ပြေးလာတဲ့သူကျတော့ ချက်ချင်းဖမ်းပေးတယ်။ ဒီမှာနေ့တိုင်းသူခိုး၊ ဓားပြမှုတော့ ဘာမှ မဖမ်းဘူး” ဟု တာချီလိတ်မြို့ အသက် ၄၀ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မြန်မာနိုင်ငံတွင်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း သူခိုး၊ ဓားပြ ပေါများပေမယ့် သက်ဆိုင်ရာ တာဝန်ရှိ ရဲတပ်ဖွဲ့များက ဖမ်းဆီး အရေးယူပေးခြင်း မရှိခဲ့ပေ။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...