တန့်ယန်းမြို့ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုများလာပြီး ခိုးမှုများပြားလာ

တန့်ယန်းမြို့ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုများလာပြီး ခိုးမှုများပြားလာ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် တန့်ယန်းမြို့တွင် လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု များလာပြီး ခိုးမှုလည်း များလာကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီကျော် လူများသည့်အချိန်တွင် တန့်ယန်း မြို့လယ်ခေါင် အောင်မေတ္တာ ဖုန်းဆိုင်ထဲသို့ လူငယ်တစ်ဦး ဖုန်းလာဝယ်သည့်ပုံ ဟန်ဆောင်ပြီး iphone13 Promax အပြာရောင်ကို လုယက်သွားကြောင်း ပိုင်ရှင်ဖြစ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အစက ဆိုင်ထဲကို ဝင်လာပြီး ဖုန်းဝယ်မယ်ဆိုလို့ တောင်းကြည့်တာ။ အစက ထုတ်မပြဘူး၊ နောက်မှ အသိတစ်ယောက် ဆိုင်ထဲဝင်လာတယ်ဆိုမှ ဖုန်းကိုထုတ်ပြရဲတယ်။ အဲ့ချိန်မှာလည်း ဈေးသည် တစ်ယောက်ရှိတယ်။ ဈေးသည်ကို ပိုက်ဆံ အမ်းဖို့ နောက်ကိုလှည့်သွားတုန်း ထုတ်ပြထားတဲ့ iphone 13 ကိုသူယူပြီး ထွက်ပြေးသွားတယ် “ ဟု ပိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိ iphone 13 Promax တစ်လုံး၏ ကာလပေါက်ဈေးမှာ ကျပ်သိန်း ၂၀ ဈေးနှုန်း ရှိကြောင်း သိရသည်။

တန့်ယန်းမြို့တွင် မူးယစ်ဆေးဝါး ပေါများလာခြင်းနှင့် လောင်းကစားဝိုင်းများ ပေါများသည့်အတွက် လူငယ်များ အကျင့်ပျက်လာကြောင်း သိရသည်။

“လောင်းကစားဝိုင်းကလည်း ပေါတယ်။ မူးယစ်ဆေးဝါးများတယ် ဆိုတော့ လူငယ်တွေက အကျင့်စာရိတ္တတွေ ပျက်ကုန်တာ။ အဲ့ကြောင့် သူခိုးတွေ ပေါလာတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် တရားစိုးမိုးမှု မရှိသည့်အတွက်ကြောင့် မြို့နယ်တိုင်းတွင် လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ တနေ့တခြား ပိုမိုးများပြားလာနေကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...