ရေးမြို့နယ် ထွေအုပ်ရုံးနဲ့မြေစာရင်းရုံး လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရ

ရေးမြို့နယ် ထွေအုပ်ရုံးနဲ့မြေစာရင်းရုံး လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ရေးမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနရုံးနဲ့ မြို့နယ်မြေစာရင်းရုံးဟာ ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနက် ၆ နာရီလောက်မှာ ရေးမြို့၊ သီရိမာလာရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ သီရိနန္ဒာရပ်ကွက်ရှိ မြို့နယ်မြေစာရင်းရုံးဟာ လက်နက်ကြီး ၄၀ မမ နဲ့ ၃ ချက် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုမှာ မြို့နယ်မြေစာရင်းရုံးအမိုးပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့သိရပါတယ်။

ဒါပေမယ့် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာနရုံး ပစ်ခတ်ခံရမှုမှာတော့ လက်နက်ကြီး ကျည် ၂လုံးဟာ ရုံးအပေါ်မှာပဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူနဲ့အဆောက်အဦး ထိခိုက်ပျက်စီးတာမရှိဘူးလို့ ဆိုပါတယ်။

ဌာနဆိုင်ရာရုံး၂ ရုံး လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ရေးမြို့အဝင်အထွက်နေ ရာတွေနဲ့လမ်းတချို့ကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် နေ့လယ်ပိုင်းမှာတော့ စစ်ဆေးတာ မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဌာနဆိုင်ရာရုံး ၂ ရုံးကို ရေးဘီလူးအဖွဲ့က လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်အတွင်းက စစ်ကောင်စီဌာနဆိုင်ရာရုံးတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပြီး အဲဒီတိုက်ခိုက်မှုအတွင်း Non CDM ဝန်ထမ်းသေဆုံးတာတွေလည်း ရှိနေတာပါ။

Most read this week

September 19, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းတွင် ဖမ်းဆီးရမိခဲ့သော...
September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...