စစ်ကောင်စီ၏ ရေယာဉ် ၂စီးပစ်ခတ်ခံရပြီး တစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

စစ်ကောင်စီ၏ ရေယာဉ် ၂စီးပစ်ခတ်ခံရပြီး တစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ရရှိ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာအထက် ကနီမြို့နယ်ဘက်သို့ ဆန်တက်လာသော စစ်ကောင်စီ ရိက္ခာတင်ရေယာဥ်နှစ်စီး သောင်တင်နေစဥ် ကာကွယ်ရေးတပ်ဖွဲ့များ စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ရိက္ခာတင်ယာဥ်ကို ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် အင်အား ၇၀ ခန့်ပါရှိသည့် ရေယာဉ်တစ်စီးနှင့် ရိက္ခာတင်တစ်စီးတို့ဖြင့် ကနီမြို့နယ်ကို ဦးတည်ကာ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ထွက်ခွာလာစဉ် ကနီမြို့၏ ငါးဖျတ်ကျေးရွာအရောက်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု Deparment Of Information-DRPA မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“မုံရွာကနေ ဖလပ်အမြန်ယာဥ်နှစ်စီးနဲ့ တက်လာတယ်။ တစ်စီးက ရိက္ခာတင်လာတယ် နောက်တစ်စီးက အင်အား ၇၀ လောက်ပါတယ်။  ကနီမြို့နယ် ငါးဖျတ်ရွာအ‌ရာက်နားမှာ အဲ့ ရေယာဥ်နှစ်စီးထဲက ရိက္ခာတင်တဲ့တစ်စီးက သောင်တင်နေတယ်။  အဲ့တာနဲ့ ကျနော်တို့က သတင်းကြိုရထားတော့ လက်နက်ကြီးတွေ မောင်းပြန်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်မူတွေလည်းရှိခဲ့တယ်။  သူတို့ဘက်က ၂ ယောက်ကျသွားပါတယ်။ ပြီးရင် သူတို့ရဲ့ ‌ရေယာဥ်ကိုလည်း သိမ်းပိုက်ရရှိခဲ့ပါတယ်”ဟုဆိုသည်။

ထိုနေရာတွင် ၂ နာရီခန့်အကြာ ပစ်ခတ်မှုရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရေယာဉ်နှင့်အတူ သယ်ဆောင်လာသည့် ဆန်အိတ် ၈၂ အိတ်၊ ပဲ ၁၀ အိတ်၊ စားဆီပုံ ၁ ပုံ၊ စစ်သုံးကျောပိုးအိတ် ၃ လုံး၊ ကျည်ကာအင်္ကျီများ သိမ်းပိုက်ရရှိခဲ့ကာ ရေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီ အင်အား ၇၀ ခန့်ပါရှိလာသည့် ရေယာဉ်သည်လည်း ငါးဖျတ်ကျေးရွာအကျော်တွင် ယနေ့နံနက်ပိုင်းအထိ သောင်တင်နေသဖြင့် အနီးတဝိုက်ရှိသော ကျေးရွာလူနေအိမ်များတွင် ဝင်ရောက်စီးနင်းလာမည်ကို ဒေသခံပြည်သူများတစ်ချို့က စိုးရိမ်နေကြကြောင်း သတင်းအရင်းအမြစ်များကပြောသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...