ရဲတွေကို အဆိပ်ပါတဲ့ အရက်တိုက်ပြီး အမျိုးသမီးနှစ်ဦး စစ်လက်နက်ပစ္စည်တွေ ယူဆောင်

ရဲတွေကို အဆိပ်ပါတဲ့ အရက်တိုက်ပြီး အမျိုးသမီးနှစ်ဦး စစ်လက်နက်ပစ္စည်တွေ ယူဆောင်

မကွေးတိုင်း မြိုင်မြို့မရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားနှစ်ဦးဟာ ပြည်သူတွေကို အရက်အတင်းအကြပ်တိုက်ခိုင်းတဲ့အတွက် မကြာခဏ အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးနှစ်ဦး က အရက်ထဲအဆိပ်ခတ်တိုက်ခဲ့ပြီး သူတို့တွေရဲ့ စစ်လက်နက်ပစ္စည်းတွေ ယူဆောင်အပ်နှံခဲ့ တယ်လို့ မြိုင်ပကဖ တပ်ရင်း(၁) က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃) ရက်နေ့ ညနေပိုင်းက ရဲတပ်သား မြတ်စိုးကျော်နဲ့ မျိုးမင်းသိန်းတို့ ဆီက သေနတ်တစ်လက်အပါအဝင် စစ်လက်နက် ပစ္စည်းတွေကို အပ်ခံခဲ့တာပါ။

ရဲနှစ်ဦးကို တိုက်ခဲ့တဲ့ အရက်ကို အမျိုးသမီးတွေပါ သောက်ခဲ့လို့အဆိပ်သင့်နေတာ ကြောင့် ဆေးကုသမှုခံယူနေရပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်လာပြီဖြစ်လို့ မြိုင် ပကဖ တပ်ရင်း(၁) က စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

သူတို့တွေဆီက G-3 တစ်လက်၊ ကျည်ဘောက်နဲ့ ကျည်(၁၇) တောင့်၊ဖုန်း(၂) လုံး၊ ဓား(၁) ချောင်း သိမ်းဆည်းခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ကို လာရောက်အပ်နှံခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် လက်နက် နှစ်လက်နဲ့ ခဲယမ်းအများအပြား ရနိုင်ပေမယ့် အတွေ့အကြုံနည်းပြီး အမျိုးသမီးတွေ ဖြစ်နေတာကြေင့် သေနတ်တစ်လက် နဲ့ ဆက်စပ်ပစ္စည်း အနည်းငယ်သာ ရရှိခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အဆိပ်ခတ်ပြီး အရက်တိုက်ခံရတဲ့ ရဲနှစ်ဦးဟာ ပြည်သူတွေကို မကြာခဏ အနိုင်ကျင့် သူတွေဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...