မွန်ပြည်နယ်အကျဥ်းထောင်များမှ အကျဥ်းသား ၄၀၀ ကျော် ပြန်လွတ်

မွန်ပြည်နယ်အကျဥ်းထောင်များမှ အကျဥ်းသား ၄၀၀ ကျော် ပြန်လွတ်

မွန်ပြည်နယ်အတွင်းရှိ အကျဥ်းထောင်များမှ အကျဥ်းသား ၄၁၂ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီက တနိုင်ငံလုံးရှိ အကျဥ်းသား၊ အကျဥ်းသူပေါင်း ၇၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် အကျဥ်းသား အကျဥ်းသူများထဲတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၇၄ ဦးနှင့် အကျဉ်းသူ ၂၂ ဦး အပါအဝင် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းများမှ အကျဉ်းသား ၃၂၇ ဦး၊ အကျဉ်းသူ၈၅ ဦး ပါဝင်သည်ဟု အကျဥ်းထောင်ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်းက လွတ်မြောက်လာသည့် အကျဥ်းသား အကျဥ်းသူများတွင် နိုင်ငံရေးပုဒ်မများဖြင့်ဖမ်းဆီးခံရပြီး အကျဉ်းကျနေသူများ ပါ မပါကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးရှိ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၇၀၁၂ ဦးအား ပြစ်ဒဏ်များ လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

၎င်းပြင် လွတ်မြောက်လာသူများအနေဖြင့် နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...