သထုံတွင် ကုန်တင်ရထားတစ်စင်း မိုင်းဆွဲခံရ

သထုံတွင် ကုန်တင်ရထားတစ်စင်း မိုင်းဆွဲခံရ

မွန်ပြည်နယ် သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း (ကွင်းကူးတိုးဂိတ်)အနီးတွင် ကုန်တင်ရထားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အတွဲ (၁၇) တွဲပါ ကုန်တင်ရထားသည် ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီခွဲဝန်းကျင်အချိန်ခန့်ကပေါင်မြို့နယ်ဘက်က လမ်းခင်းကျောက်များ တင်ဆောင်လာပြီး ပဲခူးတိုင်းဒေသကြီးဘက်သို့ထွက်ခွာလာစဥ် ရထားမိုင်တိုင်အမှတ် ၁၄၁ အရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်သည်။

“မနေ့ မနက်ပိုင်းက ကွင်းကူးတိုးဂိတ်အနီးမှာ ကုန်တင်ရထားမိုင်းဆွဲခံရတယ်လို့ သိရတယ်။ပေါက်ကွဲသံကိုတော့ အကျယ်ကြီးမကြားလိုက်ရဘူး။ လုံခြုံရေးတွေချထားပြီးတော့ရထားလမ်းပြန်ပြင်နေတာကိုတွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

မိုင်းဆွဲခံရခြင်းကြောင့် ရထားတွဲ (၃) တွဲ လမ်းချော်သွားသည့်အပြင် ရထားသံလမ်း ၆ ပေခန့်ပြတ်တောက်သွားပြီး ဇလီဖားတုံး ၃ တုံး ပျက်ဆီးသွားကြောင်း သက်ဆိုင်ရာ မြန်မာ့မီးရထားဌာနထံမှ သိရသည်။

ကုန်တင်ရထားမိုင်းဆွဲခံရမှုကြောင့် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် နေ့ရထားခရီးစဉ်များနောက်ကျခဲ့ရသည်ဟု ခရီးသွားတို့ထံမှ သိရသည်။

“ရန်ကုန်ကနေ မနက် ၆ နာရီခွဲ ထွက်တဲ့ ရထားက မနက် ၈ နာရီခွဲလောက်မှ ထွက်ဖြစ်တယ်။သထုံဘူတာကို ညနေ ၄ နာရီခွဲလောက် ရောက်တော့ ရထားက ဆက်သွားလို့မရသေးဘူး။ အဲ့ဒါနဲ့ရထားပေါ်ကဆင်းပြီး ကားနဲ့ပဲ မော်လမြိုင်မြို့ကို ခရီးဆက်ခဲ့ရတယ်” ဟု ရန်ကုန်မှ မော်လမြိုင်သို့လာသည့် ခရီးသွားတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၃ ရက်နေ့မှာတော့ ရထားလမ်းပိုင်း ပြုပြင်မှုပြီး စီးသွားပြီးဖြစ်သည့်အတွက် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် နေ့ရထားခရီးစဉ် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲနေပြီးဟု မော်လမြိုင်ဘူတာ တာဝန်ရှိသူတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင်ကုန်တင်ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရသေးသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း သထုံ၊ ဘီးလင်းမြို့နယ်အတွင်း၌ ရထားမိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် လေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးရထားလမ်းပိုင်းထိခိုက်ပျက်စီးမှုရှိခဲ့ပေမယ့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ပုံစာ- မိုင်းဆွဲခံထားရသည့် ရထားတွဲ

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...