မင်းတပ်မြို့နယ်မှာ ပြည်သူ (၃) ဦး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ဟုဆို

မင်းတပ်မြို့နယ်မှာ ပြည်သူ (၃) ဦး စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ဟုဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက် (၅) မိုင်အကွာ တက္ကသိုလ်ကျောင်းဝန်း အနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူအမျိုးသား (၃) ဦးကို ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တဲ့ ရုပ်အလောင်းတွေကို မိသားစုဝင်တွေက တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့က မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းလှည့်နေစဉ်မှာ အဲဒီပြည်သူ ၃ ဦးကို ဖမ်းဆီးပြီးနောက် သူတို့ထဲက နှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြပြီး ကျန်တစ်ဦးကိုတော့ ခုထိမတွေ့ရသေးဘူးလို့ မင်းတပ်မြို့ခံ တစ်ဦးက ပြောပါတယ်။

“သူတို့မြို့အနီးအနားကင်းလှည့်ရင်းနဲ့တွေ့လို့ဖမ်းတာ။ ၉ မိုင်လောက်မှာဖမ်းပြီး ၄မိုင်လောက်မှာ အလောင်း ပြန်တွေ့တယ်။ တယောက်ကတော့ အသေအချာမသိရသေးဘူး၊ နှစ်ယောက်ကျတော့ သေချာတယ်။ နှစ်ယောက်ရဲ့အလောင်း ကိုပြန်တွေ့တာ ဆွေမျိုးအသိုင်းအဝန်းက” စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခံရတဲ့ အဲဒီ ၃ ဦးဟာ လုံးခါး၊ ထန်းရိုးနဲ့ နန်းဂီးကျေးရွာက ပြည်သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

မင်းတပ်မြို့ပေါ်မှာ နယ်မြေခံတပ်ရင်း ၂၇၄ မှာ စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး နေ့တိုင်း လမ်းမပေါ် ကင်းလှည့်စစ်ဆေးမေးမြန်းတာမျိုး ရှိနေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် Telegram Channel တွေမှာတော့ မင်းတပ်မြို့နယ် ပန်းအော့ကျေးရွာ အနီးမှာ ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့ပစ်ခတ်မှုရှိပြီးတဲ့နောက် ကာကွယ်ရေးတပ်ဘက်က ကျဆုံးမှုရှိကြောင်းနဲ့ လက်လုပ်တူမီးသေနတ် သိမ်းဆည်းရမိတယ်လို့ ဝါဒဖြန့် စွပ်စွဲထားပါတယ်။

ယခုသတ်ဖြတ်ခံထားရတဲ့ မင်းတပ်ဒေသခံပြည်သူ ၃ ဦးနဲ့ပတ်သက်ပြီး CDF မင်းတပ်ဘက်က တစုံတရာထုတ်ပြန်ထား တာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်း ပခုက္ကူမြို့မှာ ဆေးကုဖို့သွားတဲ့ မင်းတပ်မြို့ခံ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...