မွန်ပြည်နယ်တွင် တစ်နှစ်အတွင်း Covid အတည်ပြုလူနာ ၈၀ ကျော် သေဆုံး

မွန်ပြည်နယ်တွင် တစ်နှစ်အတွင်း Covid အတည်ပြုလူနာ ၈၀ ကျော် သေဆုံး
မွန်ပြည်နယ်တွင် တွေ့ ရသည့် ဆေးရုံတခုမှ ရင်ခွဲခန်း။
မွန်ပြည်နယ်တွင် တွေ့ ရသည့် ဆေးရုံတခုမှ ရင်ခွဲခန်း။

မွန်ပြည်နယ်တွင် ၂၀၂၂ ခုနှစ်အတွင်း Covid ကူးစက်ခံရသူ ၅၁၀၀ ကျော်ရှိပြီး၊ အတည်ပြုလူနာ ၈၀ ကျော် သေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

Covid ကူးစက်ခံရသူ ၅၁၀၀ ကျော်တွင် ပြည်တွင်းကူးစက်မှု ၄၅၀၀ ကျော်ရှိပြီး ၆၀၀ ကျော်မှာ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

သေဆုံး အတည်ပြုလူနာများတွင်လည်း Covid ကြောင့် သေဆုံးခဲ့သည်ရှိသလို၊ အခြားသော ရောဂါများဖြင့် ဆေးရုံရောက်လာပြီးမှ Covid စစ်ဆေးတွေ့ရှိပြီး သေဆုံးသွားသည့် လူနာများလည်းရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြေသည်။

“တချို့လူနာတွေက ဥပမာ ကား Accident ဖြစ်လို့ ဆေးရုံကိုရောက်လာတယ်။ အဲ့ဒီလူနာကိုဆေးစစ်ကြည့်တဲ့အခါမှာ Covid Positive ဖြစ်နေတယ်။ ပြီးတော့ သေဆုံးသွားတယ်ပေါ့။ အဲ့ဒီတော့Covid ကြောင့် တိုက်ရိုက်သေဆုံးသွားတဲ့ လူနာတွေရှိသလို၊ ဆက်စပ်နှီးနွယ် သေဆုံးမှုတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

၎င်းပြင် ၂၀၂၃ ခုနှစ်ဆန်းပိုင်းကာလတွင် Covid ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာနိုင်သည်ဟု ယူဆထားသည့် အတွက်ကြောင့် ဆေးရုံများနှင့် နယ်စပ်အဝင်အထွက်ဂိတ်များတွင် စဉ်ဆက်မပြတ်စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ ကူးစက်မှုနှုန်း များပြားလာမည်ဆိုပါက ကပ်ရောဂါနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း Covid ကူးစက်လူနာ စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလမှစပြီး ၂၀၂၂ ခုနှစ်ကုန်အထိ Covid လူနာပေါင်း ၁၆၆၀၀ ကျော် တွေ့ရှိခဲ့ကာ လူနာ ၁၄၀၀ ဦးခန့် သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနနှင့် Covid ကူးစက်ရောဂါအရေး ကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...